သူကြီး 11:32Common Language Bibleသို့ဖြစ်၍ယေဖသသည်မြစ်ကိုကူးဖြတ် ပြီးလျှင် အမ္မုန်အမျိုးသားတို့အားတိုက်ခိုက် ရာ ထာဝရဘုရားသည်သူ့အားအောင်ပွဲ ခံစေတော်မူ၏။- အခန်းကိုကြည့်ပါ။ |
သူသည်ရန်သူများကိုအာရော်မြို့မှအစပြု ၍ မိန္နိတ်မြို့၏ပတ်ဝန်းကျင်ဒေသတစ်လျှောက် ရှိမြို့ပေါင်းနှစ်ဆယ်ကိုလည်းကောင်း၊ အာဗေ လခေရမိမ်မြို့သို့တိုင်အောင်လည်းကောင်း လိုက် လံတိုက်ခိုက်ရာလူသတ်ပွဲကြီးဖြစ်ခဲ့၏။ သို့ ဖြစ်၍အမ္မုန်အမျိုးသားတို့သည်ဣသရေလ အမျိုးသားတို့နှင့်စစ်တိုက်ရာတွင်အရေး ရှုံးနိမ့်သွားလေ၏။
ထာဝရဘုရားသည်ဣသရေလအမျိုး သားခေါင်းဆောင်တစ်ဦးကိုပေါ်ထွန်းစေသည့် အခါတိုင်း ထိုသူအသက်ရှင်သမျှကာလ ပတ်လုံးသူ့ကိုကူမတော်မူ၍ သူတို့ကိုရန် သူတို့လက်မှကယ်ဆယ်တော်မူသည်။ သူတို့ သည်ဆင်းရဲဒုက္ခနှင့်ညှင်းပန်းနှိပ်စက်ခြင်း ကိုခံရ၍ညည်းညူကြသောအခါထာဝရ ဘုရားသည်သူတို့အားကရုဏာတော်ကို ပြတော်မူပေသည်။-