သူကြီး 10:7Common Language Bibleသို့ဖြစ်၍ထာဝရဘုရားသည်ဣသရေလ အမျိုးသားတို့ကိုအမျက်ထွက်တော်မူ သဖြင့် ဖိလတ္တိအမျိုးသားနှင့်အမ္မုန်အမျိုး သားတို့၏လက်အောက်ခံဖြစ်စေတော်မူ၏။- အခန်းကိုကြည့်ပါ။ |
ထာဝရဘုရားက၊ ``ဇနီးသည်ကိုကွာရှင်းပစ် လိုက်သည့် ယောကျာ်းကဲ့သို့၊ ငါသည်မိမိ၏လူမျိုးတော်အားနှင်ထုတ်လိုက် သည်ဟု သင်တို့ထင်မှတ်ကြပါသလော။ ယင်းသို့နှင်ထုတ်လိုက်ပါမူဖြတ်စာများကား အဘယ်မှာရှိပါသနည်း။ မိမိ၏သားသမီးများကိုကျွန်အဖြစ် ရောင်းစားသူကဲ့သို့၊ငါသည်သင်တို့အား သုံ့ပန်းအဖြစ်ဖြင့်ရောင်းချလိုက်သည်ဟုသင်တို့ ထင်မှတ်ကြပါသလော။ သင်တို့ဖမ်းဆီးခေါ်ဆောင်သွားခြင်းခံရကြ သည်မှာ သင်တို့၏အပြစ်များကြောင့်ဖြစ်ပေသည်။ သင်တို့သည်မိမိတို့ကူးလွန်ကြသည့် ရာဇဝတ်မှုများကြောင့်အနှင်ခံရကြခြင်း ဖြစ်၏။
ကိုယ်တော်အမျက်ထွက်တော်မူသောအခါ အဘယ်သူသည်ခံရပ်နိုင်ပါမည်နည်း။ ကိုယ်တော်၏ကြောက်မက်ဖွယ်ရာအမျက်တော် အရှိန်ကိုအဘယ်သူခံရပ်နိုင်ပါမည်နည်း။ ကိုယ်တော်သည်မီးလျှံထသောအမျက်တော်ကို သွန်းလောင်းတော်မူသဖြင့်၊ ရှေ့တော်၌ကျောက်တို့သည်ကြေမွကာ အမှုန့်ဖြစ်၍သွားကုန်၏။
သို့ဖြစ်၍ထာဝရဘုရားသည်ဣသရေလ အမျိုးသားတို့ကိုပြင်းစွာအမျက်ထွက်တော် မူသဖြင့် ရန်သူတို့ကိုသူတို့အားလုယက် တိုက်ခိုက်ရန်အခွင့်ပြုတော်မူ၏။ ကိုယ်တော် သည်ပတ်ဝန်းကျင်ရှိရန်သူတို့ကို ဣသရေလ အမျိုးသားတို့အားနှိမ်နင်းအောင်မြင်ခွင့် ပေးတော်မူသဖြင့် ဣသရေလအမျိုးသား တို့သည်မိမိတို့ကိုယ်ကိုကာကွယ်နိုင်စွမ်း မရှိကြတော့ချေ။-