သူကြီး 10:15Common Language Bibleသို့ရာတွင်ဣသရေလအမျိုးသားတို့က ထာဝရဘုရားအား``အကျွန်ုပ်တို့သည် အပြစ်ကူးလွန်မိကြပါပြီ။ ကိုယ်တော် အလိုရှိသည်အတိုင်းပြုတော်မူပါ။ သို့ ရာတွင်ယခုတစ်ကြိမ်သာလျှင် အကျွန်ုပ် တို့အားကယ်ဆယ်တော်မူပါ'' ဟုအသ နားခံကြ၏။- အခန်းကိုကြည့်ပါ။ |
ထိုအခါသူတို့သည်ထာဝရဘုရားအား ကူမတော်မူရန် ဟစ်အော်လျက်`အကျွန်ုပ်တို့ သည်အပြစ်ကူးလွန်မိကြပါပြီ။ ထာဝရ ဘုရားကိုစွန့်ပယ်၍ဗာလဘုရားနှင့် အာရှ တရက်ဘုရားမတို့၏ရုပ်တုများကိုဝတ် ပြုရှိခိုးခဲ့ကြပါပြီ။ အကျွန်ုပ်တို့အားရန် သူများ၏လက်မှကယ်တော်မူပါ။ အကျွန်ုပ် တို့သည်ကိုယ်တော်ကိုဝတ်ပြုကိုးကွယ်ပါ မည်' ဟုလျှောက်ထားကြ၏။-
သို့ဖြစ်၍သူတို့သည်မိဇပါမြို့တွင်စုဝေး ကြပြီးနောက် ရေအနည်းငယ်ခပ်၍ထာဝရ ဘုရားအား ပူဇော်သည့်အနေဖြင့်သွန်းလောင်း ကာထိုနေ့တစ်နေ့လုံးအစာရှောင်ကြ၏။ သူ တို့က``အကျွန်ုပ်တို့သည်ထာဝရဘုရားကို ပြစ်မှားပါပြီ'' ဟုဆိုကြ၏။ မိဇပါမြို့မှ နေ၍ရှမွေလသည်ဣသရေလအမျိုး သားတို့ကိုစီရင်အုပ်ချုပ်သတည်း။