Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



သူ​ကြီး 1:3

Common Language Bible

ယု​ဒ​အ​နွယ်​ဝင်​တို့​က​ရှိ​မောင်​အ​နွယ်​ဝင် တို့​အား``ငါ​တို့​အ​တွက်​သတ်​မှတ်​သည့်​ပြည်​သို့ ငါ​တို့​နှင့်​အ​တူ​လိုက်​ပါ။ ငါ​တို့​သည်​ခါနာန် ပြည်​သား​တို့​အား​တိုက်​ခိုက်​ကြ​မည်။ ထို​နောက် ငါ​တို့​သည်​သင်​တို့​အ​တွက်​သတ်​မှတ်​သည့် ပြည်​သို့​လိုက်​ခဲ့​ပါ​မည်'' ဟု​ပြော​ကြား​ကြ ၏။ သို့​ဖြစ်​၍​ရှိ​မောင်​အ​နွယ်​ဝင်​တို့​သည်၊-

အခန်းကိုကြည့်ပါ။ ကော်ပီ

7 ပူးပေါင်းရင်းမြစ်များ  

လေ​အာ​သည်​တစ်​ဖန်​ကိုယ်​ဝန်​ဆောင်​၍​သား​တစ် ယောက်​ကို​ဖွား​မြင်​ပြန်​သော​အ​ခါ​သူ​က``ငါ ၏​လင်​ယောကျာ်း​သည်​ငါ့​အား​မ​ချစ်​ကြောင်း ကို​ထာ​ဝ​ရ​ဘု​ရား​ကြား​သိ​တော်​မူ​သ​ဖြင့် ဤ​သား​ကို​လည်း​ပေး​သ​နား​တော်​မူ​ပြီ'' ဟု ဆို​၍​ထို​သား​ကို​ရှိ​မောင်​ဟု​နာ​မည်​မှည့်​လေ​၏။-

အ​ဘိ​ရှဲ​အား​ယွာ​ဘ​က``အ​ကယ်​၍​ရှု​ရိ​ပြည် သား​တို့​သည်​ငါ့​ကို​အ​နိုင်​ရ​လျက်​နေ​သည် ကို​တွေ့​ရှိ​ရ​လျှင် သင်​သည်​ငါ့​ထံ​စစ်​ကူ​လာ လော့။ အ​ကယ်​၍​သင့်​ကို​အမ္မုန်​ပြည်​သား​တို့ အ​နိုင်​ရ​နေ​ခဲ့​သော်​ငါ​သည်​သင့်​ထံ​သို့​စစ် ကူ​လာ​မည်။-

ဒု​တိ​ယ​အ​ကြိမ်​မဲ​ချ ၍​ခွဲ​ဝေ​ပေး​သော​အ​ခါ​ရှိ​မောင်​အ​နွယ်​ဝင် မိ​သား​စု​တို့​နယ်​မြေ​ရ​ရှိ​ကြ​၏။ ထို​နယ် မြေ​သည်​ယု​ဒ​အ​နွယ်​ဝင်​တို့​အား​ခွဲ​ဝေ ပေး​သော​နယ်​မြေ​အ​တွင်း​၌​တည်​ရှိ​သည်။-

ယု​ဒ​အ​နွယ်​ဝင်​တို့​သည်​ရှိ​မောင်​အ​နွယ်​ဝင် တို့​နှင့်​အ​တူ​လိုက်​၍ ဇေ​ဖတ်​မြို့​တွင်​နေ​ထိုင် သော​ခါ​နာန်​အ​မျိုး​သား​တို့​အား​တိုက်​ခိုက် နှိမ်​နင်း​လိုက်​ကြ​၏။ သူ​တို့​သည်​ထို​မြို့​ကို ကျိန်​ဆဲ​ကာ​ဖျက်​ဆီး​ပစ်​ပြီး​နောက်​ဟော်​မာ နာ​မည်​ဖြင့်​သ​မုတ်​ကြ​လေ​သည်။-

ထာ​ဝ​ရ​ဘု​ရား​က``ယု​ဒ​အ​နွယ်​သည် ပ​ထ​မ​သွား​ရောက်​ရ​မည်။ ငါ​သည်​ထို​ပြည် ကို​သူ​တို့​လက်​သို့​အပ်​မည်'' ဟု​မိန့်​တော်​မူ​၏။

ယု​ဒ​အ​နွယ်​ဝင်​တို့​နှင့်​အ​တူ​စစ်​ပွဲ​ဝင် ကြ​၏။ ထာ​ဝ​ရ​ဘု​ရား​သည်​လည်း​သူ​တို့​အား ခါ​နာန်​ပြည်​သား​များ​နှင့်​ဖေ​ရ​ဇိ​ပြည်​သား တို့​အ​ပေါ်​၌​အောင်​ပွဲ​ခံ​စေ​တော်​မူ​သ​ဖြင့် သူ​တို့​သည်​ဗေ​ဇက်​မြို့​တွင်​ရန်​သူ​တပ်​သား ပေါင်း​တစ်​သောင်း​ကို​တိုက်​ခိုက်​အောင်​မြင် လိုက်​ကြ​၏။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ