ဣသရေလအမျိုးသားတို့သည်ပို၍အင်အား တောင့်တင်းလာသောအခါ ခါနာန်အမျိုးသား တို့အားချွေးတပ်ဆွဲကြ၏။ သို့ရာတွင်သူတို့ အားနှင်ထုတ်ခြင်းကိုမူမပြုကြ။
``ခါနာန်သည်ကျိန်စာသင့်ပါစေသော။ သူသည်အစ်ကိုတို့ထံတွင်ကျွန်ခံရပါစေသော။
ရှေမ၏ဘုရားသခင်ထာဝရဘုရား၏ ဂုဏ်ကျေးဇူးတော်ကိုချီးမွမ်းကြစေသတည်း။ ခါနာန်သည်ရှေမ၏ကျွန်ဖြစ်ရပါစေသော။
လုံ့လဝိရိယ ပြုသောသူသည် အစိုးရတတ်၏။ ပျင်းရိသောသူမူကား၊ အခွန်ပေးရ၏။
သူတို့ကမြို့တံခါးများကိုဖွင့်၍လက်နက် ချလျှင် သူတို့သည်သင်တို့စေခိုင်းသမျှကို ဆောင်ရွက်ရသောသင်တို့၏ကျွန်များဖြစ် ရမည်။-
ဣသရေလအမျိုးသားတို့သည်အင်အား ကြီးလာသော်လည်း ခါနာန်အမျိုးသား အားလုံးတို့ကိုမနှင်ထုတ်ဘဲမိမိတို့ ထံ၌အစေခံစေကြ၏။
မနာရှေအနွယ်ဝင်တို့သည်ဗက်ရှန်မြို့၊ တာနက် မြို့၊ ဒေါရမြို့၊ ဣဗလံမြို့၊ မေဂိဒ္ဒေါမြို့တို့နှင့်ထို မြို့တို့၏အနီးရှိမြို့ရွာများမှလူတို့အား နှင်မထုတ်ခဲ့ကြချေ။ သို့ဖြစ်၍ခါနာန်အမျိုး သားတို့သည်ထိုမြို့ရွာများ၌ပင်ဆက်လက် နေထိုင်ကြလေသည်။-
ဧဖရိမ်အနွယ်ဝင်တို့သည်လည်း ဂေဇာမြို့တွင် နေထိုင်သောခါနာန်အမျိုးသားတို့အားနှင် မထုတ်ဘဲနေကြ၏။ သို့ဖြစ်၍ခါနာန်အမျိုး သားတို့သည်သူတို့နှင့်အတူဆက်လက်နေ ထိုင်ကြ၏။
ရှောလုက``ယနေ့ရန်သူတို့အားငါလက်စား မချေရမီ အစားအစာစားသောက်သူသည် ကျိန်စာသင့်ပါစေသတည်း'' ဟုကျိန်ဆိုထား သဖြင့်ထိုနေ့၌ဣသရေလအမျိုးသားတို့ သည် ဆာလောင်မွတ်သိပ်ကာနွမ်းနယ်လျက်ရှိ ကြ၏။ တစ်နေ့လုံးအဘယ်သူမျှအစား အစာမစားရကြ။-