Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



သူ​ကြီး 1:20

Common Language Bible

မော​ရှေ​မိန့်​မှာ​ခဲ့​သည့်​အ​တိုင်း​ကာ​လက်​သည် ဟေ​ဗြုန်​မြို့​ကို​ရ​ရှိ​လေ​သည်။ သူ​သည်​အာ​နက် မှ​ဆင်း​သက်​လာ​သော​သား​ချင်း​စု​သုံး​စု အား​ထို​မြို့​မှ​နှင်​ထုတ်​လိုက်​၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

10 ပူးပေါင်းရင်းမြစ်များ  

ပ​ထ​မ​ဦး​စွာ​သူ​တို့​သည်​ပြည်​၏​တောင်​ပိုင်း သို့​ဝင်​ရောက်​၍ ကိုယ်​ခန္ဓာ​အ​လွန်​ထွား​ကျိုင်း သည့်​အာ​န​က​အ​မျိုး​သား​တို့​၏​အ​ဆက် အ​နွယ်​များ​ဖြစ်​သော​အ​ဟိ​မန်​သား​ချင်း​စု၊ ရှေ​ရှဲ​သား​ချင်း​စု​နှင့်​တာ​လ​မဲ​သား​ချင်း​စု တို့​နေ​ထိုင်​ရာ​ဟေ​ဗြုန်​မြို့​သို့​ရောက်​ရှိ​ကြ သည်။ (ဟေ​ဗြုန်​မြို့​သည်​အီ​ဂျစ်​ပြည်​ရှိ​ဇော​န မြို့​မ​တည်​မီ​ခု​နစ်​နှစ်​အ​ထက်​က​တည်​ခဲ့ သော​မြို့​ဖြစ်​သ​တည်း။-)

သို့​သော်​လည်း​ငါ​၏​အ​စေ​ခံ​ကာ​လက်​သည် အ​ခြား​သူ​တို့​နှင့်​ခြား​နား​သော​သ​ဘော​ရှိ​၍ ငါ​၏​စ​ကား​ကို​တစ်​သ​ဝေ​မ​တိမ်း​လိုက်​နာ သူ​ဖြစ်​ခြင်း​ကြောင့် သူ​စုံ​စမ်း​ထောက်​လှမ်း​ခဲ့ သော​ပြည်​သို့​သူ့​ကို​ငါ​ပို့​ဆောင်​မည်။ သူ​၏ အ​ဆက်​အ​နွယ်​တို့​သည်​အာ​မ​လက်​အ​မျိုး သား​နှင့်​ခါ​နာန်​အ​မျိုး​သား​တို့​ယ​ခု​နေ​ထိုင် ရာ​ချိုင့်​ဝှမ်း​များ​ရှိ​ရာ​နယ်​မြေ​ကို​အ​ပိုင်​ရ လိမ့်​မည်။ နက်​ဖြန်​နေ့​တွင်​သင်​သည်​ပြန်​လှည့် ၍​အာ​ကာ​ဘာ​ပင်​လယ်​ကွေ့​ဘက်​ရှိ​တော ကန္တာ​ရ​သို့​သွား​လော့'' ဟု​မော​ရှေ​အား မိန့်​တော်​မူ​၏။

ယေ​ဖုန္နာ​၏​သား​ကာ​လက်​တစ်​ဦး​တည်း​သာ​ထို ပြည်​သို့​ဝင်​ရ​မည်။ သူ​သည်​ငါ့​အား​သစ္စာ​ရှိ​သူ ဖြစ်​၍​သူ​ထောက်​လှမ်း​ခဲ့​သော​ပြည်​ကို​သူ​နှင့်​သူ ၏​အ​ဆက်​အ​နွယ်​တို့​အား​ငါ​ပေး​မည်' ဟု​မိန့် တော်​မူ​၏။-

ထို​နောက်​ယော​ရှု​နှင့်​ဣ​သ​ရေ​လ​တပ်​သား တို့​သည် ဧ​ဂ​လုန်​မြို့​မှ​တောင်​ကုန်း​ဒေ​သ​တွင် တည်​ရှိ​သော ဟေ​ဗြုန်​မြို့​သို့​ချီ​တက်​၍​မြို့​ကို တိုက်​ခိုက်၊-

ထို​ကာ​လ​၌​ယော​ရှု​သည်​ဟေ​ဗြုန်​မြို့၊ ဒေ​ဗိ​ရ မြို့၊ အာ​နပ်​မြို့၊ ယု​ဒ​တောင်​ကုန်း​ဒေ​သ၊ ဣ​သ ရေ​လ​တောင်​ကုန်း​ဒေ​သ​စ​သော​တောင်​ကုန်း ဒေသ​များ​တွင်​နေ​ထိုင်​သည့် ထွား​ကြိုင်း​သော အာ​န​က​အ​မျိုး​သား​တို့​ရှိ​ရာ​သို့​ချီ​တက် လေ​သည်။ ယော​ရှု​သည်​အာ​န​က​အ​မျိုး​သား များ​ကို တစ်​ယောက်​မ​ကျန်​သုတ်​သင်​၍​သူ တို့​မြို့​များ​ကို​မြေ​လှန်​ဖျက်​ဆီး​ခဲ့​လေ သည်။-

ဟေ​ဗြုန်​မြို့​၏​နာ​မည်​ဟောင်း​မှာ​အာ​ဘ​မြို့ ဖြစ်​သ​တည်း။ (အာ​ဘ​သည်​အာ​န​က​အ​မျိုး သား​တို့​၏​ခေါင်း​ဆောင်​ကြီး​ဖြစ်​၏။) ထို​နောက်​တိုင်း​ပြည်​တွင်​ငြိမ်း​ချမ်း​သာ​ယာ လျက်​ရှိ​သ​တည်း။

ကိ​ရ​ယ​သာ​ဘ​ဟု​အ​မည်​တွင်​ခဲ့​သည့်​ဟေ​ဗြုန် မြို့​၌​နေ​ထိုင်​သော​ခါ​နာန်​ပြည်​သား​တို့​ကို​လည်း သွား​ရောက်​တိုက်​ခိုက်​ကြ​၏။ ထို​မြို့​တွင်​ရှေ​ရှဲ အ​ဟိ​မန်​နှင့်​တာ​လ​မဲ​သား​ချင်း​စု​တို့​ကို နှိမ်​နင်း​အောင်​မြင်​ကြ​လေ​သည်။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ