Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



သူ​ကြီး 1:12

Common Language Bible

ထို​သူ​တို့​အ​နက်​ကာ​လက်​ဆို​သူ​က``ငါ​သည် ကိ​ရ​ယ​ဿေ​ဖာ​မြို့​ကို​တိုက်​ခိုက်​အောင်​မြင် သော​သူ​အား​ငါ့​သ​မီး​အာ​ခ​သ​နှင့် ပေး​စား​မည်'' ဟု​ဆို​၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

8 ပူးပေါင်းရင်းမြစ်များ  

အို ဘု​ရား​သ​ခင်၊ ခိုင်​ခံ့​လုံ​ခြုံ​သည့်​မြို့​တွင်း​သို့​အ​ဘယ်​သူ​သည် ကျွန်​တော်​မျိုး​အား​ခေါ်​ဆောင်​သွား​ပါ​မည် နည်း။ အ​ဘယ်​သူ​သည်​ကျွန်​တော်​မျိုး​အား​ဧ​ဒုံ​ပြည် သို့ ပို့​ဆောင်​ပါ​မည်​နည်း။

အိမ်​ထောင်​သား​မွေး​မှု​တို့​ကို​ပြု​စေ​ကြ​လော့။ သင်​တို့​၏​သား​သ​မီး​တို့​အား​သား​သ​မီး​မွေး ဖွား​စေ​ရန်​အိမ်​ထောင်​ပြု​စေ​ကြ​လော့။ သင်​တို့ တွင်​လူ​ဦး​ရေ​တိုး​ပွား​စေ​ရ​မည်။ မ​ဆုတ်​ယုတ် စေ​ရ။-

သူ​သည်​ထို​မြို့​မှ​တစ်​ဆင့်​ဒေ​ဗိ​ရ​မြို့​သို့ ချီ​တက်​တိုက်​ခိုက်​လေ​သည်။ (ယ​ခင်​က​ဒေ​ဗိ​ရ မြို့​သည်​ကိ​ရ​ယ​ဿေ​ဖာ​မြို့​ဟု​ခေါ်​တွင်​သည်။-)

ထို​မှ​တစ်​ဖန်​ယု​ဒ​အ​နွယ်​ဝင်​တို့​သည်​ထို​စဉ် အခါ​က​ကိ​ရ​ယ​ဿေ​ဖာ​ဟု​နာ​မည်​တွင်​သည့် ဒေ​ဗိ​ရ​မြို့​သို့​ချီ​တက်​ကြ​၏။-

ယင်း​သို့​ဆို​သည်​အ​တိုင်း​သြ​သံ​ယေ​လ​သည် ထို မြို့​ကို​အောင်​မြင်​စွာ​တိုက်​ခိုက်​နိုင်​သည်​ဖြစ်​၍ ကာ​လက်​၏​သ​မီး​ကို​ရ​လေ​သည်။ သူ​သည် ကာ​လက်​၏​ညီ​ကေ​နတ်​၏​သား​ဖြစ်​သ​တည်း။-

``သူ့​အား​ကြည့်​ကြ​လော့။ သူ​ကြိမ်း​ဝါး​သည် ကို​လည်း​နား​ထောင်​ကြ​လော့။ ရှော​လု​မင်း သည်​ထို​သူ့​ကို​သတ်​ဖြတ်​နိုင်​သူ​အား​ဆု တော်​လာဘ်​တော်​ကို​ပေး​တော်​မူ​မည်​ဟု​က​တိ ပြု​ထား​၏။ မင်း​ကြီး​သည်​ထို​သူ​အား သ​မီး တော်​နှင့်​လည်း​ထိမ်း​မြား​စုံ​ဖက်​တော်​မူ​ပါ လိမ့်​မည်။ ထို့​ပြင်​သူ့​ဖ​ခင်​၏​အိမ်​ထောင်​စု​ကို အ​ခွန်​တော်​များ​လွတ်​ငြိမ်း​ခွင့်​ပြု​တော်​မူ လိမ့်​မည်'' ဟု​အ​ချင်း​ချင်း​ပြော​ဆို​နေ ကြ​၏။

ထို့​ကြောင့်​သူ​တို့​သည်​မင်း​ကြီး​မှာ​ကြား​သည့် အ​တိုင်း​ဒါ​ဝိဒ်​အား​တိုက်​တွန်း​ကြ​၏။ ဒါ​ဝိဒ် က``ဘု​ရင့်​သ​မက်​တော်​ဖြစ်​ရ​သည်​မှာ​အ​ထူး ဂုဏ်​ယူ​ဖွယ်​ရာ​ဖြစ်​ပါ​၏။ အ​ကျွန်ုပ်​ကဲ့​သို့ မ​ရေ​ရာ​သူ​ဆင်း​ရဲ​သား​တစ်​ယောက်​အ​တွက် မ​ထိုက်​တန်​သော​အ​ခွင့်​အ​ရေး​ဖြစ်​ပါ​၏'' ဟု​ဆို​၏။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ