Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



သုတ္တံကျမ်း။ 8:30

Common Language Bible

ငါသည်ကျွေးမွေးတော်မူသော သားကဲ့သို့၊ အထံတော်ပါးတွင် နေ၍၊ အစဉ်မပြတ်မွေ့လျော်တော်မူရာ ဖြစ်၏။ ရှေ့တော်၌ အစဉ် မပြတ် ကစားလျက်၊

အခန်းကိုကြည့်ပါ။ ကော်ပီ

8 ပူးပေါင်းရင်းမြစ်များ  

ထာ​ဝ​ရ​ဘု​ရား​က ``ဤ​သူ​သည်​ခွန်​အား​နှင့်​ငါ​ပြည့်​ဝ​စေ​သော​သူ၊ ငါ​၏​အ​စေ​ခံ၊ငါ​နှစ်​သက်​မြတ်​နိုး​၍ ရွေး​ချယ်​ထား​သူ​ဖြစ်​၏။ ငါ​သည်​မိ​မိ​၏​တန်​ခိုး​တော်​ကို​သူ့​အား အပ်​နှင်း​တော်​မူ​ပြီ။ သူ​သည်​လည်း​လူ​မျိုး​တ​ကာ​တို့​ကို တ​ရား​မျှ​တ​စွာ​စီ​ရင်​အုပ်​ချုပ်​လိမ့်​မည်။

ဤ​သို့​ပေ​တ​ရု​လျှောက်​ထား​စဉ်​ပင်​တောက်​ပ​သော မိုး​တိမ်​တိုက်​တစ်​ခု​၏​အ​ရိပ်​သည်​သူ​တို့​အ​ပေါ် သို့​ကျ​လာ​၏။ မိုး​တိမ်​တိုက်​ထဲ​မှ ``ဤ​သူ​ကား ငါ​နှစ်​သက်​မြတ်​နိုး​ရာ​ငါ​၏​ချစ်​သား​ပေ​တည်း။ သူ့​ကို​ငါ​နှစ်​သက်​မြတ်​နိုး​၏။ သူ​၏​စ​ကား​ကို နား​ထောင်​ကြ​လော့'' ဟု​အ​သံ​တော်​ထွက်​ပေါ် လာ​၏။

ထို​နောက် ``ဤ​သူ​ကား​ငါ​၏​ချစ်​သား​ဖြစ်​၏။ သူ့​ကို​ငါ​နှစ်​သက်​မြတ်​နိုး​၏'' ဟု​ကောင်း​ကင်​မှ အ​သံ​တော်​ပေါ်​ထွက်​လာ​၏။

လူ​တစ်​စုံ​တစ်​ယောက်​မျှ​ဘု​ရား​သ​ခင်​ကို​မ​မြင် စ​ဖူး​သော်​လည်း ခ​မည်း​တော်​၏​ရင်​ခွင်​၌​ရှိ​တော် မူ​သော၊ ဘု​ရား​ဖြစ်​တော်​မူ​သော၊ တစ်​ပါး​တည်း သော​သား​တော်​သည် ဘု​ရား​သ​ခင်​ကို​ထင်​ရှား စေ​တော်​မူ​ပြီ။

အို ခ​မည်း​တော်၊ ကိုယ်​တော်​ရှင်​၏​နာ​မ​တော် အား​ဘုန်း​အ​သ​ရေ​ထွန်း​တောက်​စေ​တော်​မူ ပါ'' ဟု​မြွက်​ဆို​တော်​မူ​၏။ ထို​အ​ခါ​ကောင်း​ကင်​မှ ``ငါ​သည်​နာ​မ​တော် ကို​ဘုန်း​အ​သ​ရေ​ထွန်း​တောက်​စေ​ပြီ။ နောက် တစ်​ဖန်​လည်း​ထွန်း​တောက်​စေ​ဦး​မည်'' ဟု​အ​သံ တော်​ပေါ်​ထွက်​လာ​၏။

ငါ​သည်​ခ​မည်း​တော်​ထံ​မှ​ထွက်​ခွာ​၍ ဤ လော​က​သို့​ကြွ​လာ​ခဲ့​၏။ ယ​ခု​ဤ​လော​က မှ​ထွက်​ခွာ​၍ ခ​မည်း​တော်​၏​ထံ​သို့​ငါ​သွား တော့​မည်'' ဟု​မိန့်​တော်​မူ​၏။

ကိုယ်​တော်​သည်​ငါ​တို့​အား​မှောင်​မိုက်​၏ တန်​ခိုး​မှ​ကယ်​နုတ်​တော်​မူ​၍ မိ​မိ​ချစ်​မြတ် နိုး​တော်​မူ​သော​သား​တော်​၏​နိုင်​ငံ​တော်​ထဲ သို့​ခေါ်​သွင်း​တော်​မူ​၏။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ