တောင်ကြီးမတည်၊ တောင်ငယ်မဖြစ်မှီ၊
ရေတို့သည်တောင်များပေါ်မှ ချိုင့်ဝှမ်းများသို့လည်းကောင်း၊ ကိုယ်တော်ရှင်သူတို့အတွက်ပြင်ဆင်သတ်မှတ် ထားသည့်အရပ်သို့လည်းကောင်းစီးသွား ကြပါ၏။
တောင်များကိုဖြစ်ပေါ်စေတော်မမူမီနှင့် ကမ္ဘာလောကကိုဖန်ဆင်းတော်မမူမီ ကိုယ်တော်ရှင်သည်အစမရှိသောဘုရားသခင် ဖြစ်တော်မူပါ၏။ အဆုံးမရှိသောဘုရားသခင်လည်းဖြစ်တော် မူပါ၏။
မြေကြီးနှင့်လယ်တောများကို မဖန်ဆင်း၊ အဦး ဆုံးသော မြေမှုန့်ကိုမျှ မဖန်ဆင်းမှီ၊ ငါ့ကိုဖြစ်ဘွားစေ တော်မူ၏။
ထိုနောက်ကိုယ်တော်က၊ ``အို ထာဝရဘုရားရှင်၊ကိုယ်တော်သည်အစ မူလက ကမ္ဘာမြေကြီးကိုဖန်ဆင်းတော်မူပါ၏။ ကိုယ်တော်တိုင်လက်တော်ဖြင့်မိုးကောင်းကင်ကို ဖန်ဆင်းတော်မူပါ၏။