အကြောင်းမူကား၊ ပညာသည် ပတ္တမြားထက် သာ၍မြတ်၏။ နှစ်သက်ဘွယ်သမျှသော အရာတို့သည် ထိုရတနာကို မပြိုင်နိုင်ကြ။
ဆုံးမသွန်သင်တော်မူခက်တို့သည်ကွန်တော်မျိုး၏ ခံတွင်း၌လွန်စွာချိုပါ၏။ ပားရည်ထက်ပင်ချိုပါ၏။
ကွန်တော်မျိုးသည်ကိုယ်တော်ရှင်၏ ပညတ်တော်တို့ကိုရေ"ထက်မကရေ"စင်ထက် ပို၍နှစ်သက်မြတ်နိုးပါ၏။
ကိုယ်တော်ရှင်ပေးတော်မူသောတရားတော်သည် ကွန်တော်မျိုးအတွက်လောကရေ"ငွေ ရှိသမှထက်ပို၍အဖိုးထိုက်ပါ၏။
ယင်းတို့သည်ရွှေထက်မက၊အကောင်းဆုံး ရွှေထက် ပိုမိုနှစ်သက်ဖွယ်ဖြစ်၏။ ယင်းတို့သည်ပျားရည်ထက်မက၊အစစ်ဆုံး ပျားရည်ထက်ပို၍ချိုကြ၏။
ရွှေကိုရတတ်ခြင်းထက် ပညာကို ရတတ်ခြင်း သည် အလွန်ကောင်း၏။ ငွေကိုအမြတ်မထား၊ ဥာဏ်နှင့် ပြည့်စုံခြင်းကို အမြတ်ထားစရာအလွန်ကောင်း၏။
ရွှေရှိ၏။ ပတ္တမြားလည်းရှိ၏။ ပညာအတတ်နှင့် ပြည့်စုံသော နှုတ်မူကား၊ အလွန် အဘိုးထိုက်သော ရတနာ ဖြစ်၏။
သီလနှင့်ပြည့်စုံသော မိန်မကိုအဘယ်သူတွေ့ရ သနည်း။ ထိုသို့သောမိန်းမသည် ပတ္တမြားထက် အဘိုး သာ၍ ထိုက်ပေ၏။
ပညာသည် အမွှေဥစ္စာကဲ့သို့ ကောင်း၍၊ နေကို မြင်သော သူတို့အား ကျေးဇူးပြုတတ်၏။
လူသည်လောကတစ်ခုလုံးကိုအစိုးရသော်လည်း မိမိ၏အသက်ဆုံးရှုံးလျှင်အဘယ်အကျိုးရှိ မည်နည်း။ မိမိ၏အသက်ကိုအဘယ်အရာနှင့် လဲလှယ်နိုင်မည်နည်း။-
သင်တို့က`အကျွန်ုပ်တို့သည်ပညတ်တရား တော်ကိုကြားနာစောင့်ထိန်းနိုင်ရန် အဘယ် သူသည်သမုဒ္ဒရာကိုဖြတ်ကူး၍အကျွန်ုပ် တို့ထံသို့ယူဆောင်ခဲ့ပါမည်နည်း' ဟူ၍ မေးမြန်းရလောက်အောင်သမုဒ္ဒရာတစ် ဖက်စွန်း၌ရှိသည်မဟုတ်။-