သူသည်စုံမက်တတ်သော သမင်မ၊ နှစ်လိုဘွယ် သော ဒရယ်မကဲ့သို့ဖြစ်၍၊ သူ၏သားမြတ်တို့သည် သင်၏အလိုဆန္ဒကို အစဉ်ပြေစေ၍၊ သူ့ကိုချစ်သော စိတ်နှင့် အစဉ်ယစ်မူးလျက်နေလော့။
တစ်နေ့သ၌သူဌေး၏အိမ်သို့ဧည့်သည်တစ် ယောက်ရောက်ရှိလာ၏။ သူဌေးသည်ဧည့်ဝတ် ပြုရန်အတွက်မိမိ၏သိုးနွားကိုမသတ် လိုသဖြင့် သူဆင်းရဲ၏သိုးငယ်ကိုယူ၍ သတ်ပြီးလျှင်ဧည့်သည်အားကျွေးမွေးရန် ချက်ပါ၏'' ဟုလျှောက်၏။
ကိုယ်ဆိုင်သော ရေအိုးကို သုံး၍၊ ကိုယ်ရေတွင်း ထဲက ထွက်သော စမ်းရေကို သောက်လော့။
ငါ့သား၊ သင်သည် အမျိုးပျက်သောမိန်းမနှင့် အဘယ်ကြောင့် ယစ်မူးသနည်း။ ပြည်တန်ဆာမ၏ ရင်ပတ်ကိုအဘယ်ကြောင့် ဘက်ယမ်းသနည်း။
ငါချစ်ရာ သခင်သည် ခေါ်၍ပြောသည်ကား၊ ငါချစ်သောနှမ၊ ငါ၏မိန်းမလှ၊ ထ၍လာခဲ့ပါ။
မိုဃ်းမသောက်၊ မှောင်မိုက်အရိပ်မပြေးမှီ၊ ငါသည်မုရန် တောင်နှင့် လောဗန်ကုန်းသို့သွားမည်။
လည်ပင်းသည်ဆင်စွယ်ရဲတိုက် ကဲ့သို့၎င်း၊ မျက်စိတို့သည် ဟေရှဘုန်မြို့၊ ဗာသရဗ္ဗိမ်တံခါးနားမှာ ရှိသောရေကန်ကဲ့သို့၎င်း၊ နှာခေါင်းသည် ဒမာသက်မြို့သို့ မျက်နှာပြုသော လေဗနုန်ရဲတိုက်ကဲ့သို့၎င်း ဖြစ်ပါ၏။
ငါသည် ရှောက်ချိုပင်အောက်မှာ သင့်ကို နိုးဆော်ခဲ့ပြီ။ ထိုအရပ်၌ သင်၏မိခင်သည် သင့်ကို ပေးစားခဲ့ပြီ။ ထိုအရပ်၌ သင့်ကို ဘွားမြင်သောသူသည် သင့်ကို ပေးစားခဲ့ပြီ။ ရှောလမုန်မင်းကြီးသည် ခရစ်တော်နှင့်အသင်းတော်၏ မေတ္တာကိုကြောင်းပြု၍ စီရင်ရေးထားသော သီချင်းစာပြီး၏။