သုတ္တံကျမ်း။ 31:23Common Language Bibleသူ၏ခင်ပွန်းသည်လည်း မြို့တံခါးတို့၌ ပြည်သား အသက်ကြီးသူတို့နှင့်ထိုင်၍၊ ထင်ရှားသောသူ ဖြစ်၏။ အခန်းကိုကြည့်ပါ။ |
ဗောဇသည်မြို့တံခါးဝရှိတရားစီရင်ရာ ဌာနသို့ သွား၍ထိုင်လျက်နေ၏။ ထိုအခါ ဧလိမလက်၏အရင်းအချာဆုံးသောဆွေ မျိုးသားချင်းဖြစ်သူသည် ရောက်ရှိလာလေ သည်။ ထိုသူကားယခင်ကဗောဇဖော်ပြခဲ့ သူပင်ဖြစ်၏။ ဗောဇကသူ့အား``မိတ်ဆွေ၊ ဤ နေရာသို့လာ၍ထိုင်ပါလော့'' ဟုဆိုသဖြင့် သူသည်လာ၍ထိုင်၏။-
မြို့အကြီးအကဲများနှင့်အခြားသူတို့ ကလည်း``ငါတို့သည်အသိသက်သေဖြစ် ကြပါ၏။ သင်၏ဇနီးအားယာကုပ်အတွက် သားသမီးအမြောက်အမြားမွေးဖွားပေး သည့်ရာခေလနှင့်လေအာတို့ကဲ့သို့ဖြစ် စေရန် ထာဝရဘုရားကူမတော်မူပါစေ သော။ သင်သည်လည်းဧဖရတ်သားချင်းစု တွင်ချမ်းသာကြွယ်ဝလျက် ဗက်လင်မြို့ ၌ထင်ပေါ်ကျော်စောပါစေသော။-