လေ၌ရွှေလင်းတသွားရာလမ်းတပါး၊ ကျောက် ပေါ်မှာ မြွေသွားရာလမ်းတပါး၊ ပင်လယ်အလယ်၌ သင်္ဘောသွားရာလမ်းတပါး၊ အပျိုမနှင့် ယောက်ျားသွား ရာလမ်းတပါးတည်း။
သင်စီရင်သောကြောင့် ရွှေလင်းတသည် အထက်သို့တက်၍၊ မြင့်သောအရပ်၌ အသိုက်ကို လုပ်တတ်သလော။
``လူတစ်ဦးသည်စေ့စပ်ကြောင်းလမ်း၍မထား သောမိန်းမပျိုတစ်ယောက်ကိုသွေးဆောင်ပေါင်း သင်းခဲ့လျှင်၊ သူသည်မင်္ဂလာလက်ဖွဲ့ကြေးပေး ၍ထိုမိန်းမကိုလက်ထပ်ယူရမည်။-
ငါ့ဥာဏ်မမှီနိုင်သော အရာသုံးပါးမက၊ ငါမသိ၊ နားမလည်နိုင်သော အရာလေးပါးဟူမူကား၊
သို့ရာတွင်ထာဝရဘုရား၏အကူ အညီကို ယုံကြည်ကိုးစားသူတို့မူကား၊ ခွန်အားသစ်ကို ရရှိကြလိမ့်မည်။ သူတို့သည်လင်းယုန်ငှက်ကဲ့သို့ပျံတက်ကြလိမ့်မည်။ ပြေးသော်လည်းမောပန်းကြလိမ့်မည်မဟုတ်။ ခရီးသွားသော်လည်းနွမ်းနယ်ကြလိမ့်မည်မဟုတ်။
တောင်ပံများကိုဖြန့်၍ထားသည့်လင်းယုန် ငှက်ကဲ့သို့ရန်သူသည်မောဘပြည်ပေါ်သို့ ထိုးဆင်းလိမ့်မည်ဖြစ်ကြောင်းထာဝရ ဘုရားမိန့်ကြားခဲ့လေပြီ။-
ကောင်းကင်မှအတောင်ကိုဖြန့်လျက်ထိုးဆင်း လာသည့်လင်းယုန်ငှက်ကဲ့သို့ ရန်သူသည် ဗောဇရမြို့ကိုတိုက်ခိုက်လိမ့်မည်။ ထိုအခါ ဧဒုံစစ်သည်တပ်သားတို့သည်သားဖွား ဝေဒနာခံရသည့်အမျိုးသမီးကဲ့သို့ ထိတ်လန့်တုန်လှုပ်ကြလိမ့်မည်'' ဟုမိန့်တော် မူ၏။
ထာဝရဘုရားသည်သင်တို့ကိုတိုက်ခိုက် စေရန် သင်တို့နှင့်ဘာသာစကားချင်းမတူ သောကမ္ဘာတစ်စွန်းမှ လူမျိုးတစ်မျိုးကိုခေါ် ဆောင်ခဲ့တော်မူလိမ့်မည်။ ထိုသူတို့သည် လင်းယုန်ထိုးသုတ်သကဲ့သို့ သင်တို့ကို တိုက်ခိုက်လိမ့်မည်။-