Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



သုတ္တံကျမ်း။ 28:8

Common Language Bible

အတိုးစား၍ မတရားသော အမြတ်အားဖြင့် ဥစ္စာကို ဆည်းဖူးသောသူသည် ဆင်းရဲသားတို့ကို သနား သောသူအဘို့သာ ဆည်းဖူးတတ်၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

13 ပူးပေါင်းရင်းမြစ်များ  

သူ​သည်​ဤ​သို့​ရက်​စက်​သည့်​အ​မှု​ကို​ပြု​သည့် အ​တွက် မိ​မိ​ယူ​ထား​သည့်​သိုး​ငယ်​တစ်​ကောင် အ​စား​လေး​ဆ​ပြန်​၍​ပေး​လျော်​စေ​ရ​မည်'' ဟု​မိန့်​တော်​မူ​၏။

ချို့​တဲ့​ဆင်း​ရဲ​သူ​တို့​ကို​သ​နား​တော်​မူ​၍ သူ​တို့​၏ အ​သက်​ကို​ကယ်​တော်​မူ​၏။

``သင်​တို့​သည်​ငါ​၏​လူ​မျိုး​တော်​ထဲ​မှ​ဆင်း​ရဲ သော​သူ​တို့​အား ငွေ​ချေး​လျှင်၊ ငွေ​ချေး​စား​သူ ကဲ့​သို့​အ​တိုး​မ​ယူ​ရ။-

သူတော်ကောင်းသည် သားမြေးတို့အဘို့ အမွေ ဥစ္စာကို ချန်ထားတတ်၏။ အပြစ်ရှိသော သူ၏စည်းစိမ် မူကား၊ ဖြောင့်မတ်သော သူတို့အဘို့ သိုထားလျက်ရှိ၏။

မိမိအိမ်နီးချင်းကို မထီမဲ့မြင်ပြုသော သူသည် အပြစ်ရှိ၏။ ဆင်းရဲသော သူကိုသနားသောသူမူကား၊ မင်္ဂလာရှိ၏။

ဆင်းရဲသားတို့ကို ညှဉ်းဆဲသောသူသည် ဖန် ဆင်းတော်မူသော ဘုရားကိုကဲ့ရဲ့၏။ ဘုရားကို ရိုသေ သောသူမူကား၊ ဆင်းရဲသောသူတို့ကို သနားတတ်၏။

ဆင်းရဲသောသူ၏ ညီအစ်ကိုရှိသမျှတို့သည် သူ့ကို မုန်းတတ်ကြ၏။ သူ၏အဆွေခင်ပွန်းတို့သည် သူ့ကို သာ၍ ဝေးစွာရှောင်တတ်ကြ၏ လိုက်၍ခေါ်သော်လည်း ကွယ်ပျောက်ကြပြီ။

ရှေ့တော်၌ ကောင်းသောသူအား ဥာဏ်ပညာ၊ သိပ္ပံအတတ်နှင့် ဝမ်းမြောက်ခြင်းအခွင့်ကို ပေးတော်မူ၏။ အပြစ်ရှိသောသူအား ပင်ပန်းစွာ အလုပ်လုပ်ရသော အခွင့်ကို၎င်း၊ ဘုရားသခင်၏ရှေ့တော်၌ ကောင်းသော သူ အားပေးစရာဘို့၊ ဆည်ဖူးသိုထားရသောအခွင့်ကို၎င်း ပေးတော်မူ၏။ ထိုအမှုအရာသည်လည်း အနတ္တအမှု၊ လေကိုကျက်စားသော အမှုဖြစ်၏။

သူ​သည်​အ​တိုး​အမြတ်​ရ​အောင်​ငွေ​ကို​ချေး ၏။ ထို​သူ​သည်​အ​သက်​ရှင်​နိုင်​မည်​လော။ အ​သက် ရှင်​နိုင်​မည်​မ​ဟုတ်။ သူ​သည်​ယင်း​သို့​စက်​ဆုပ် ဖွယ်​ကောင်း​သော​အ​မှု​တို့​ကို​ပြု​သ​ဖြင့်​သေ ရ​လိမ့်​မည်။ သူ​၏​သွေး​သည်​သူ့​ခေါင်း​ပေါ် တင်​လျက်​ရှိ​၏။

သူ​သည်​ဆိုး​ညစ်​မှု​ကို​ရှောင်​ရှား​၍​အ​တိုး အ​မြတ်​ရ​ရန်​ငွေ​ကို​မ​ချေး။ ငါ​၏​ပ​ညတ် တော်​များ​ကို​စောင့်​ထိန်း​၍​ငါ​၏​အ​မိန့်​တော် တို့​ကို​လိုက်​နာ​၏။ ထို​သူ​သည်​ဖ​ခင်​၏​အ​ပြစ် ကြောင့်​သေ​ရ​မည်​မ​ဟုတ်။ သူ​သည်​မု​ချ အ​သက်​ရှင်​လိမ့်​မည်။-

သူ​သည်​အ​တိုး​အမြတ်​ရ​ရန်​ငွေ​ကို​မ​ချေး။ ဆိုး​ညစ်​မှု​ကို​ရှောင်​ရှား​၍​အ​ချင်း​များ​မှု တို့​တွင်​ဖြောင့်​မှန်​သော​အ​ဆုံး​အ​ဖြတ်​ကို ပေး​၏။-

ထို​သူ​အား​ငွေ​ချေး​ရာ​၌​အ​တိုး​မ​ယူ​ရ။ ဘု​ရား​သ​ခင်​ကို​ကြောက်​ရွံ့​၍ သူ့​အား​သင် ၏​အိမ်​နီး​ချင်း​အ​ဖြစ်​အ​သက်​ရှင်​နေ​ထိုင် စေ​လော့။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ