Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



သုတ္တံကျမ်း။ 28:10

Common Language Bible

ဖြောင့်မတ်သောသူကို လမ်းလွှဲ၍၊ မကောင်း သော လမ်းထဲသို့ သွေးဆောင်သောသူသည် မိမိတူးသော တွင်းထဲသို့ မိမိကျလိမ့်မည်။ သဘောဖြောင့်သောသူ မူကား၊ ကောင်းသောအရာတို့ကို အမွေခံရလိမ့်မည်။

အခန်းကိုကြည့်ပါ။ ကော်ပီ

28 ပူးပေါင်းရင်းမြစ်များ  

ကျွန်​တော်​မျိုး​သည်​ဆိုး​သွမ်း​သော​လမ်း​သို့ လိုက်​သည်​မ​လိုက်​သည်​ကို​စစ်​ဆေး​တော်​မူ​၍ ထာ​ဝ​ရ​လမ်း​ထဲ​သို့​ပို့​ဆောင်​တော်​မူ​ပါ။

သို့​ရာ​တွင်​စိတ်​နှိမ့်​ချ​သော​သူ​တို့​သည် ပြည်​တော်​ကို​ပိုင်​ရ​လျက်​ငြိမ်း​ချမ်း​သာ​ယာ​မှု​နှင့် ကြီး​ပွား​တိုး​တက်​မှု​တို့​ကို​ခံ​စား​ကြ​ရ လိမ့်​မည်။

ရန်​သူ​တို့​သည်​ငါ့​ကို​ဖမ်း​ရန်​ကျော့​ကွင်း​ထောင်​ကြ​၏။ ငါ​သည်​ပြင်း​စွာ​စိတ်​ဒုက္ခ​ရောက်​လျက်​ရှိ​ပါ​၏။ သူ​တို့​သည်​ငါ​သွား​ရာ​လမ်း​တွင်​တွင်း​ကို တူး​ထား​ကြ​ပါ​၏။ သို့​ရာ​တွင်​ထို​တွင်း​ထဲ​သို့​သူ​တို့​ပင်​လျှင် ကျ​ကြ​၏။

ဘု​ရား​မဲ့​သူ​တို့​သည်​မိ​မိ​တို့​တူး​သော​ကျင်း ထဲ​သို့ ပြန်​၍​ကျ​ကြ​လေ​ပြီ။ မိ​မိ​တို့​ထောင်​ထား​သော​ကျော့​ကွင်း​တွင်း​၌ ပင်​လျှင် ပြန်​၍​မိ​ကြ​လေ​ပြီ။

ဖြောင့်မတ်သော သူကိုငတ်၍ သေစေခြင်းငှါ၊ ထာဝရဘုရားသည် အခွင့်ပေးတော်မမူ။ မတရားသော သူတို့၏ အဓမ္မအမှုကိုကား ဖျက်ဆီးတော်မူ၏။

ဖြောင့်မတ်သောသူ၏ အိမ်၌များစွာသော စည်းစိမ်ရှိ၏။ မတရားသော သူခံရသောအခွန်မူကား၊ များစွာသော နှောင့်ရှက်ခြင်းနှင့်ယှဉ်၏။

ဖြောင့်မတ်သောသူတို့သည်ပြည်တော်၌နေ၍၊ စုံလင်သော သူတို့သည် နေရာကျကြလိမ့်မည်။

ပညာရှိသောသူ၏အိမ်၌ နှစ်သက်ဘွယ်သော ဘဏ္ဍာနှင့် ဆီရှိတတ်၏။ မိုက်သောသူမူကား၊ ကုန်စေ တတ်၏။

တွင်းတူးသောသူသည် မိမိတွင်းထဲသို့ ကျလိမ့် မည်။ ကျောက်ကို လှိမ့်သောသူအပေါ်သို့ ထိုကျောက် သည် ပြန်၍လိမ့် လိမ့်မည်။

ဖြောင့်သောလမ်းသို့ လိုက်သောသူသည် ဘေး လွတ်လိမ့်မည်။ ကောက်သောလမ်းသို့ လိုက်သောသူမူကား၊ ချက်ခြင်းလဲလိမ့်မည်။

တွင်းကို တူးသောသူသည် ထိုတွင်းထဲသို့ ကျလိမ့် မည်။ ခြံကိုဖျက်သော သူသည် မြွေကိုက်ခြင်းကို ခံရလိမ့် မည်။

ဘု​ရား​သ​ခင်​၏​နိုင်​ငံ​တော်​နှင့်​အ​လို​တော်​ကို ပ​ထ​မ​ဦး​စွာ​ရှာ​ကြ​လော့။ သို့​ပြု​လျှင်​ကိုယ်​တော် သည်​သင်​တို့​အား​အ​ခြား​လို​အပ်​သော​အ​ရာ​များ ကို​ပေး​သ​နား​တော်​မူ​လိမ့်​မည်။-

အ​ဘယ်​အ​ခါ​၌​မျှ​ပျင်း​ရိ​သူ​များ​မ​ဖြစ် စေ​လို။ ယုံ​ကြည်​၍​သည်း​ခံ​နိုင်​မှု​ရှိ​သ​ဖြင့် ဘု​ရား​သ​ခင်​က​တိ​ထား​တော်​မူ​သော ကျေး​ဇူး​များ​ကို​ခံ​ယူ​ကြ​သူ​များ​နည်း တူ​ပြု​မူ​ကျင့်​ကြံ​စေ​လို​၏။

အ​ဆိုး​ကို​အ​ဆိုး​အား​ဖြင့်​လည်း​ကောင်း၊ ကျိန် ဆဲ​ခြင်း​ကို​ကျိန်​ဆဲ​ခြင်း​အား​ဖြင့်​လည်း​ကောင်း တုံ့​ပြန်​ခြင်း​မ​ပြု​ကြ​နှင့်။ ယင်း​သို့​ပြု​မည့် အ​စား​ကောင်း​ချီး​ပေး​ကြ​လော့။ အ​ဘယ်​ကြောင့် ဆို​သော် ဘု​ရား​သ​ခင်​က​တိ​ထား​တော်​မူ​သည့် ကောင်း​ချီး​မင်္ဂ​လာ​ကို​ခံ​စား​စေ​ရန် သင်​တို့ အား​ကိုယ်​တော်​ခေါ်​ယူ​ရွေး​ကောက်​တော်​မူ​ခဲ့ သော​ကြောင့်​တည်း။-

သို့​ရာ​တွင်​သင်​တို့​အ​ထဲ​တွင်​ဗာ​လမ်​၏​အ​ယူ ဝါ​ဒ​ကို​လိုက်​လျှောက်​သူ​များ​ရှိ​နေ​သ​ဖြင့် သင့်​အား​အ​ပြစ်​ဆို​စ​ရာ​အ​နည်း​ငယ်​ရှိ​၏။ ဣသ​ရေ​လ​အ​မျိုး​သား​တို့​သည်​ရုပ်​တု​ပူ​ဇော် ရာ​အ​စား​အ​စာ​များ​ကို​စား​ကြ​စေ​ရန်​နှင့် ကာ​မ​ဂုဏ်​ကို​လိုက်​စား​ကြ​စေ​ရန်​ဗာ​လမ်​က ဗာ​လက်​မင်း​အား​သင်​ကြား​ပေး​၏။-

အ​ရှင်​မင်း​ကြီး၊ အ​ကျွန်ုပ်​လျှောက်​ထား​သည်​ကို နား​ညောင်း​တော်​မူ​ပါ။ အ​ရှင့်​အား​အ​ကျွန်ုပ်​နှင့် ရန်​သူ​ဖြစ်​အောင်​ပြု​သူ​သည် ထာ​ဝ​ရ​ဘု​ရား ဖြစ်​ခဲ့​သော်​အ​မျက်​တော်​ပြေ​စေ​ရန်​ပူ​ဇော် သ​ကာ​ကို​ဆက်​သ​နိုင်​ပါ​သည်။ အ​ကယ်​၍ ယင်း​သို့​ရန်​သူ​ဖြစ်​အောင်​ပြု​သော​သူ​တို့​မှာ လူ​သား​များ​ဖြစ်​ပါ​မူ သူ​တို့​သည်​ထာ​ဝ​ရ ဘု​ရား​၏​ကျိန်​စာ​သင့်​ကြ​ပါ​စေ​သ​တည်း။ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​အား​ထာ​ဝ​ရ ဘု​ရား​ပေး​တော်​မူ​သော​နယ်​မြေ​မှ လူ​မျိုး ခြား​တို့​၏​ဘု​ရား​များ​ကို​သာ​ကိုး​ကွယ် နိုင်​သော​နယ်​မြေ​သို့​အ​ကျွန်ုပ်​အား​သူ​တို့ နှင်​ထုတ်​ကြ​ပါ​၏။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ