ပညာရှိတို့နှင့် တိုင်ပင်ပြီးမှ စစ်မှုကိုပြုရ၏။ အကြံပေးနိုင်သော သူများစွာရှိလျှင်၊ ဘေးလွတ်တတ်၏။
ခမည်းတော်ကွယ်လွန်ပြီးနောက် မိမိ၏အတိုင် ပင်ခံအမတ်များမှာ အာဟပ်၏အိမ်ထောင်စု သားများဖြစ်သည့်အလျောက် အာခဇိသည် ထာဝရဘုရားကိုပြစ်မှားကာဆုံးရှုံးပျက် စီးရလေ၏။-
အကြံပေးနိုင်သော ဥာဏ်မရှိလျှင် ပြည်သားတို့ သည် ရှုံးတတ်၏။ အကြံပေးနိုင်သောသူ အများရှိလျှင် မူကား၊ ဘေးလွတ်တတ်၏။
တိုင်ပင်ခြင်းမရှိလျှင် အကြံပျက်တတ်၏။ တိုင် ပင်သော သူများလျှင်မူကား၊ အကြံတည်တတ်၏။
အကြံရှိသောသူသည် သူတပါးနှင့်တိုင်ပင်လျှင်၊ အကြံထမြောက်တတ်၏။ ကောင်းသော တိုင်ပင်ခြင်း ရှိမှသာ စစ်မှုကို ပြုရမည်။
အခြားတစ်နည်းဆိုသော်၊ အဘယ်မည်သော ဘုရင်သည်အခြားဘုရင်တစ်ပါးနှင့်စစ်ပြိုင် ရန်ထွက်မည်ပြုသောအခါ မိမိ၏စစ်သည် တစ်သောင်းဖြင့် စစ်သည်နှစ်သောင်းနှင့်ချီလာ သောဘုရင်အားခုခံနိုင်ပါမည်လောဟု ဦး စွာထိုင်၍မစဉ်းစားဘဲနေပါမည်လော။-
ငါသည်ပြေးပွဲတွင်အစွမ်းကုန်ကြိုးစားခဲ့ပြီ။ တာအဆုံးတိုင်အောင်ပြေးခဲ့ပြီ။ ယုံကြည်ခြင်း တရားကိုစောင့်ထိန်းခဲ့ပြီ။-