သင်္ချိုင်းသို့ထုတ်၍ အသေခံလုသောသူတို့ကို သင်သည် နှုတ်အံ့သောငှါ၊ အားမထုတ်ဘဲနေလျက်၊
မတရားသောသူ၏အစွယ်တို့ကို ငါချိုး၍၊ သူ လုယူကိုက်စားသော အရာကိုနှုတ်၏။
သူတို့အားမတရားသောသူတို့၏လက်မှ ကယ်ဆယ်ရကြမည်။
ကျွန်တော်မျိုးသည်ငယ်စဉ်ကတည်းကဝေဒနာ ခံရလျက်သေလုနီးပါးဖြစ်ခဲ့ပါ၏။ ကိုယ်တော်ရှင်ပေးတော်မူသော အပြစ်ဒဏ်ကြီးလေးမှုကြောင့်ကျွန်တော်မျိုးသည် မောပန်းနွမ်းနယ်ပါ၏။
သို့ရာတွင်ပေါလုက ``သင်၏ကိုယ်ကိုအန္တရာယ် မပြုနှင့်။ ငါတို့အားလုံးဤနေရာတွင်ရှိနေ ကြသည်'' ဟုကျယ်စွာဟစ်အော်၍ပြော၏။
ထိုသူတို့သည်တရားဇရပ်အုပ်ချုပ်ရေးမှူး သုဿင်ကိုဖမ်းဆီး၍တရားခွင်ရှေ့တွင်ရိုက် နှက်ကြ၏။ သို့ရာတွင်ဂါလျုန်သည်ထိုအပြု အမူကိုလုံးဝဂရုမစိုက်ဘဲနေ၏။
ငြင်းခုံမှုသည်အလွန်ပြင်းထန်၍လာသဖြင့် ပေါလုကိုအပိုင်းပိုင်းဆုတ်ဖြတ်မည်ကိုတပ်မှူး သည်စိုးရိမ်သဖြင့် စစ်သားများအားဆင်းသွား ၍ပေါလုအားထိုသူတို့ထံမှထိန်းသိမ်းပြီး လျှင်ရဲတိုက်ထဲသို့ခေါ်ဆောင်သွားရန်အမိန့် ပေး၏။