သုတ္တံကျမ်း။ 23:4Common Language Bibleငွေရတတ် ခြင်းငှါ မကြိုးစားနှင့်။ ကိုယ်ဥာဏ်ကို အမှီမပြုနှင့်။ အခန်းကိုကြည့်ပါ။ |
လူသေကောင်တို့သည်လယ်ပြင်ရှိနောက်ချေး ပုံများ ကဲ့သို့လည်းကောင်း၊ ရိတ်သိမ်းသူစွန့်ပစ်ထားခဲ့သည့်ကောက်လှိုင်း များ၊ အဘယ်သူမျှမစုမသိမ်းသည့်ကောက်လှိုင်း များ ကဲ့သို့လည်းကောင်းပြန့်ကျဲလျက်နေလိမ့်မည်။ ဤကားငါပြန်ကြားပြောဆိုရန်အတွက် ထာဝရဘုရားမိန့်မှာတော်မူသောစကား ဖြစ်၏'' ဟုဆို၏။
ပုပ်ပျက်တတ်သောအစာအာဟာရအတွက် မကြိုးပမ်းကြနှင့်။ ထာဝရအသက်ကိုရရှိ စေသောမပုပ်ပျက်နိုင်သောအစာအာဟာရ အတွက်ကြိုးပမ်းကြလော့။ ဘုရားသခင်သည် လူသားအားတန်ခိုးအာဏာကိုအပ်နှင်းတော် မူသည်ဖြစ်၍ လူသားသည်ထိုအစာအာဟာရ ကိုသင်တို့အားပေးတော်မူလိမ့်မည်'' ဟုမိန့် တော်မူ၏။
ညီအစ်ကိုတို့၊ သင်တို့သည်မိမိတို့ကိုယ်ကို တတ်သိလိမ္မာလှပြီဟုမထင်မမှတ်ကြစေရန် ငါသည်ဘုရားသခင်၏လျှို့ဝှက်နက်နဲသော အရာကိုသင်တို့အားဖော်ပြလို၏။ ထိုလျှို့ဝှက် နက်နဲသောအရာမှာဤသို့တည်း။ ယုဒအမျိုး သားတို့သည်အမြဲစိတ်နှလုံးထိုင်းမှိုင်းလျက် နေကြမည်မဟုတ်ဘဲ ကယ်တင်ခြင်းကိုခံရ မည့်လူမျိုးခြားတို့အရေအတွက်ပြည့်စုံ လာသည့်ကာလအထိသာဖြစ်၏။-