သင်သည် စားကြူးတတ်သောသူဖြစ်လျှင်၊ သင်၏လည်ချောင်းကို ထားနှင့်ရွယ်လော့။
ယာကုပ်သည်သွား၍ဆိတ်များကိုမိခင်ထံသို့ ယူဆောင်ခဲ့သဖြင့် ရေဗက္ကသည်ဣဇာက်ကြိုက် နှစ်သက်သောအမဲဟင်းကိုချက်လေသည်။-
မင်းနှင့်အတူထိုင်၍ စားသောက်သောအခါ သင့်ရှေ့မှာ အဘယ်သူရှိသည်ကို စေ့စေ့ဆင်ခြင်လော့။
စပျစ်ရည်သောက်ကြူးသောသူ၊ အမဲသားစား ကြူးသော သူတို့ကို အပေါင်းအဘော်မလုပ်နှင့်။
ငါသည်သူတစ်ပါးတို့အားပြိုင်ပွဲဝင်ရန်ခေါ် ဖိတ်ခဲ့ပြီးနောက် မိမိကိုယ်တိုင်ပြိုင်ပွဲမှအပယ် မခံရစေရန်ငါ၏ကိုယ်ခန္ဓာကိုမာကြောအောင် ထိုးကြိတ်၍ချုပ်ထိန်း၏။
ထိုသူတို့သည်ငရဲတွင်လမ်းဆုံးကြလိမ့်မည်။ သူ တို့၏ဘုရားကား မိမိတို့ဝမ်းပေတည်း။ သူတို့သည် ရှက်ကြောက်သင့်သောအရာတို့တွင် ဂုဏ်ယူဝါကြွား ကြ၏။ လောကအရာတို့ကိုသာစိတ်စွဲလမ်းကြ၏။-