ဆုံးမဩဝါဒ၌ စိတ်နှလုံးစွဲလမ်း၍၊ ပညာ အတတ် စကားကို နာခံလော့။
သင်၏နားကိုညွှတ်၍ ပညာရှိစကားကို နား ထောင်လော့။ ငါ့ပညာအတတ်ကိုလည်း စိတ်နှလုံး၌ စွဲလမ်းလော့။
အကြောင်းမူကား၊ ထိုသူတို့ကို ရွေးတော်မူသော သူသည် တန်ခိုးကြီး၍၊ သင့်တဘက်၌ သူတို့အမှုကို စောင့်တော်မူလိမ့်မည်။
သူငယ်ကို မဆုံးမဘဲမနေနှင့်။ ကြိမ်လုံးနှင့်ရိုက် သော်လည်း သူသည် မသေ။
ငါ့သား၊ ငါ့စကားကို နားထောင်၍ ပညာရှိသ ဖြင့်၊ ကိုယ်စိတ်နှလုံးကို လမ်းမ၌ပဲ့ပြင်လော့။
သို့ဖြစ်၍ငါ၏လူမျိုးတော်သည်သင်ပြန် ကြားရန် ရှိသည့်အမိန့်တော်ကိုနားထောင် ရန်သင့်ရှေ့သို့စုရုံးလာကြ၏။ သို့ရာတွင် သူတို့သည်သင်ပြောသည့်အတိုင်းမလုပ် ကြ။ ချစ်ဖွယ်သောစကားများပြောဆိုနေ ကြသော်လည်းလောဘစိတ်အတိုင်းကျင့် ကြံကြ၏။-
သို့ဖြစ်၍ကိုယ်တော်က ``ကောင်းကင်နိုင်ငံတော်တွင် တပည့်ဖြစ်လာသူကျမ်းတတ်ဆရာသည်မိမိ၏ ဘဏ္ဍာတိုက်ထဲမှဥစ္စာပစ္စည်းအသစ်နှင့်အဟောင်းများ ကိုထုတ်ယူသောအိမ်ရှင်နှင့်တူ၏'' ဟုမိန့်တော်မူ၏။