တနေ့လုံးတပ်မက်အားကြီးတတ်၏။ ဖြောင့်မတ် သော သူမူကား မနှမြောဘဲစွန့်ကြဲတတ်၏။
ရက်ရောစွာချေးငှားတတ်သောမိမိအလုပ် တွင် ရိုးသားစွာပြုမူတတ်သောသူသည်မင်္ဂလာ ရှိ၏။
သူသည်ချို့တဲ့နွမ်းပါးသူတို့ကိုရက်ရောစွာ ပေးကမ်းတတ်၏။ သူသည်အစဉ်သနားကြင်နာတတ်၏။ သူသည်တန်ခိုးကြီး၍ရိုသေလေးစားမှုကို ခံရလိမ့်မည်။
သူသည်အစဉ်ပင်သူတစ်ပါးတို့အားရက်ရောစွာ ပေးကမ်းချေးငှားတတ်၏။ သူ၏သားသမီးများသည်လည်းကောင်းချီး မင်္ဂလာကိုခံရကြ၏။
တောင်းခံသူအားပေးကမ်းလော့။ ချေးငှားလိုသူ အားလည်းချေးငှားလော့။
ခိုးဝှက်ဖူးသူသည်နောက်တစ်ဖန်မခိုးဝှက်တော့ဘဲ ချို့တဲ့သူများအားဝေမျှပေးကမ်းနိုင်ရန် မိမိ လက်ဖြင့်အလုပ်ကိုရိုးဖြောင့်စွာကြိုးစားလုပ် ကိုင်စေ။-