ဝယ်သောသူက၊ မကောင်းဘူး၊ မကောင်းဘူးဟု ဆိုတတ်၏။ ဝယ်၍သွားပြီမှ ဝါကြွားတတ်၏။
ဆင်းရဲမည်ဟု စိုးရိမ်စရာရှိသည်ဖြစ်၍၊ အိပ် ခြင်းကိုမတပ်မက်နှင့်။ နိုးတတ်လျှင် ဝစွာစားရ၏။
ရွှေရှိ၏။ ပတ္တမြားလည်းရှိ၏။ ပညာအတတ်နှင့် ပြည့်စုံသော နှုတ်မူကား၊ အလွန် အဘိုးထိုက်သော ရတနာ ဖြစ်၏။
ကြည့်ပါ။ အသစ်ဖြစ်၏ဟုဆိုရသော အမှုအရာ တစုံတခုရှိသလော။ ထိုအမှုအရာသည် ငါတို့အရင်၊ ရှေးကာလ၌ ဖြစ်ဘူးပြီ။
အချိန်ကျပြီ။ ရောင်းဝယ်ဖောက်ကားမှုများ ပြုလုပ်၍မဖြစ်သည့်နေ့ရက်ကာလနီးကပ် လာလေပြီ။ အဘယ်ကြောင့်ဆိုသော်ဘုရားသခင်၏အမျက်တော်သည်လူတိုင်းအပေါ် သို့သက်ရောက်မည်ဖြစ်သောကြောင့်တည်း။-
ဤအမှုမျိုးတွင်သင်တို့သည်ညီအစ်ကို အချင်းချင်းမပြစ်မှားရ။ အခွင့်ကောင်း ကိုမယူရ။ သခင်ဘုရားသည်ဤအပြစ် မျိုးကူးလွန်သောသူတို့အား အပြစ်ဒဏ် စီရင်တော်မူမည်ဖြစ်ကြောင်းသင်တို့အား ငါတို့ကြပ်တည်းစွာသတိပေးပြီးဖြစ်သည်။-