စည်းစိမ်ရှိလျှင် အဆွေခင်ပွန်းများတတ်၏။ ဆင်းရဲသားသူမူကား၊ မိမိအိမ်နီးချင်းနှင့်မျှ မပေါင်း ဘော်ရ။
ငွေရတတ်သောသူ၏ စည်းစိမ်သည် သူ၏ခိုင်ခံ့ သောမြို့ဖြစ်၏။ ဆင်းရဲသားတို့၏ဆင်းရဲခြင်းမူကား၊ သူတို့၏ အကျိုးနည်းကြောင်းဖြစ်၏။
ဆင်းရဲသောသူသည် မိမိအိမ်နီးချင်း မုန်းခြင်း ကိုပင် ခံရမည်။ ငွေရတတ်သောသူ၌မူကား၊ များစွာ သော အဆွေခင်ပွန်းရှိလိမ့်မည်။
မမှန်သောသက်သေသည် အပြစ်မခံဘဲမနေရ။ မုသာကို သုံးသောသူသည်လည်း ဒဏ်နှင့်မလွတ်ရ။