ပျင်းရိသောသူသည် မိမိလက်ကို အိုး၌ သွင်း သော်လည်း တဖန်နှုတ်၍ မိမိပစပ်သို့ မခွံ့လို။
အဘယ်ကြောင့်ကိုယ်တော်ရှင်သည် ကျွန်တော်မျိုးတို့အားကူမရန် ငြင်းဆန်တော်မူပါသနည်း။ အဘယ်ကြောင့်လက်ပိုက်၍နေတော်မူပါ သနည်း။
ပျင်းရိသောသူသည် မုဆိုးလုပ်သော်လည်း၊ ဘမ်း ရသောအကောင်ကို ကင်၍မစားရ။ လုံ့လဝိရိယပြုသော သူ၏ ဥစ္စာမူကား၊ အဘိုးထိုက်ပေ၏။
ပျင်းရိသောသူသွားရာ လမ်း၌ဆူးပင်ဆီးကာ လျက် ရှိ၏။ ဖြောင့်မတ်သောသူ သွားရာလမ်းမူကား၊ မို့မောက်လျက်ရှိ၏။
ပျင်းရိသော သဘောသည် လွန်ကျူးစွာ အိပ် ပျော်စေ၍၊ ပျင်းရိသောသူသည် အငတ်ခံရ၏။
ပျင်းရိသောသူသည် အလုပ်မလုပ်ချင်သော ကြောင့်၊ မိမိတပ်မက်သောအားဖြင့် သေတတ်၏။
ကိုယ်တော်က ``ငါနှင့်အတူဟင်းခွက်တွင်နှိုက်၍ စားသောသူသည်ငါ့ကိုရန်သူ့လက်သို့အပ် လိမ့်မည်။-
ကိုယ်တော်က ``ထိုသူသည်တစ်ကျိပ်နှစ်ပါးတွင် အပါအဝင်ဖြစ်၏။ ငါနှိုက်သောပန်းကန်တွင် နှိုက်၍စားသူဖြစ်၏။-