Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



သုတ္တံကျမ်း။ 19:14

Common Language Bible

အိမ် နှင့်စည်းစိမ်သည် မိဘအမွေဥစ္စာဖြစ်၏။ သမ္မာသတိရှိသောမယားမူကား၊ ထာဝရဘုရားပေးသနား တော်မူရာဖြစ်၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

12 ပူးပေါင်းရင်းမြစ်များ  

အ​ကယ်​၍​သူ​က`သောက်​ပါ။ သင်​၏​ကု​လား​အုတ် များ​အ​တွက်​ရေ​ကို​ခပ်​ပေး​ပါ​ဦး​မည်' ဟု​ဆို လျှင်​ထို​မိန်း​မ​ပျို​သည်​အ​ကျွန်ုပ်​သ​ခင်​၏​သား အ​တွက်​ကိုယ်​တော်​ရှင်​ရွေး​ချယ်​သော​မ​ယား ဖြစ်​ပါ​စေ​သော' ဟု​ဆု​တောင်း​ပါ​သည်။-

ကောင်း​ကင်​ဘုံ​ရှင်​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား သည်​ငါ​၏​ဖ​ခင်​နှင့်​ဆွေ​မျိုး​များ​နေ​ထိုင်​ရာ​ပြည် မှ ငါ့​ကို​ခေါ်​ဆောင်​ခဲ့​၍​ငါ​၏​အ​မျိုး​အ​နွယ်​တို့ အား ဤ​ပြည်​ကို​ပေး​မည်​ဟု​ငါ့​အား​ကတိ​သစ္စာ ပြု​ထား​တော်​မူ​၏။ သင်​သည်​ငါ့​သား​အ​တွက် မ​ယား​ရှာ​၍​ရ​စေ​ခြင်း​ငှာ ထာ​ဝ​ရ​ဘု​ရား​သည် မိ​မိ​၏​ကောင်း​ကင်​တ​မန်​ကို​သင့်​အ​လျင်​ထို ပြည်​သို့​စေ​လွှတ်​တော်​မူ​မည်။-

သူတော်ကောင်းသည် သားမြေးတို့အဘို့ အမွေ ဥစ္စာကို ချန်ထားတတ်၏။ အပြစ်ရှိသော သူ၏စည်းစိမ် မူကား၊ ဖြောင့်မတ်သော သူတို့အဘို့ သိုထားလျက်ရှိ၏။

မယားကိုရသောသူသည် ကောင်းသောအရာကို ရ၍၊ ထာဝရဘုရား၏ကျေးဇူးတော်ကို ခံရ၏။

သွားလေရာရာ၌ ထာဝရဘုရားကို မျက်မှောက် ပြုလော့။ သို့ပြုလျှင်၊ သင်၏လမ်းခရီးတို့ကို ပဲ့ပြင်တော် မူမည်။

ငါ​သည်​ယ​ခု​သင်​တို့​ထံ​သို့​တ​တိ​ယ​အ​ကြိမ် လာ​ရန်​အ​သင့်​ရှိ​ပြီ။ သို့​ရာ​တွင်​ငါ​၏​အ​တွက် သင်​တို့​အား​တာ​ဝန်​ကြီး​လေး​စေ​မည်​မ​ဟုတ်။ သင်​တို့​၏​ငွေ​ကြေး​ဥစ္စာ​များ​ကို​ငါ​အ​လို မ​ရှိ။ သင်​တို့​ကို​သာ​လျှင်​ငါ​အ​လို​ရှိ​၏။ သား သ​မီး​များ​က​မိ​ဘ​များ​အ​ဖို့​စု​ဆောင်း ရ​ကြ​သည်​မ​ဟုတ်။ မိ​ဘ​များ​က​သာ​လျှင် သား​သ​မီး​များ​အ​ဖို့​စု​ဆောင်း​ရ​ကြ​သည်။-

ထို​သူ​သည်​မိ​မိ​၏​သား​တို့​အား​အ​မွေ​ခွဲ​ဝေ ပေး​သော​အ​ခါ သူ​ပို​၍​ချစ်​သော​မယား​၏​သား အား​သား​ဦး​ရ​ထိုက်​သော​ဝေ​စု​ကို​မ​ပေး​ရ။-

ကောင်း​မြတ်​စုံ​လင်​သော​ဆု​ကျေး​ဇူး​မှန်​သ​မျှ သည်​ကောင်း​ကင်​မှ​လည်း​ကောင်း၊ ကောင်း​ကင် အ​လင်း​တန်​ဆာ​များ​ကို​ဖန်​ဆင်း​တော်​မူ သော​ဘု​ရား​သ​ခင်​၏​ထံ​တော်​မှ​လည်း​ကောင်း သက်​ဆင်း​၍​လာ​ပေ​သည်။ ကိုယ်​တော်​သည် ပြောင်း​လဲ​တော်​မ​မူ။ လှည့်​ခြင်း​အား​ဖြင့် အ​မှောင်​ကို​ကျ​စေ​တော်​မ​မူ။-

ထာ​ဝ​ရ​ဘု​ရား​သည်​မော​ရှေ​မှ​တစ်​ဆင့်​မိန့် မှာ​တော်​မူ​သည်​အ​တိုင်း ယော​ရှု​သည်​ထို​ပြည် တစ်​ပြည်​လုံး​ကို​တိုက်​ခိုက်​သိမ်း​ယူ​လေ​သည်။ သူ​သည်​ဣ​သ​ရေ​လ​အ​နွယ်​အ​သီး​သီး အား​ပိုင်​ဆိုင်​စေ​ရန်​ထို​ပြည်​ကို​ခွဲ​ဝေ​ပေး လေ​သည်။ ထို​နောက်​တစ်​ပြည်​လုံး​ငြိမ်း​ချမ်း​သာ​ယာ လျက်​ရှိ​လေ​သ​တည်း။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ