လူသည်မိမိနှုတ်၏အသီးနှင့်ဝမ်းပြည့်ရ၏။ မိမိနှုတ်ခမ်းတို့၏ စီးပွါးနှင့်ဝရ၏။
လူသည် မိမိနှုတ်၏အသီးတည်းဟူသော ကောင်းသောအရာကို စားရ၏။ ပြစ်မှားတတ်သော သူမူ ကား၊ ညှဉ်းဆဲခြင်းအပြစ်၏အသီးကို စားရ၏။
စိတ်နှလုံးဖေါက်ပြန်သောသူဖြစ်စေ၊ သူတော် ကောင်းဖြစ်စေ၊ မိမိအကျင့်တို့နှင့်ဝလိမ့်မည်။
အငြိုးထားသောညီအစ်ကိုသည် ခိုင်ခံ့သောမြို့ ထက် သာ၍ခက်၏။ ညီအစ်ကို ရန်တွေ့ခြင်းအမှုသည် ရဲတိုက်တံခါးကျင်ကဲ့သို့ ဖြစ်၏။
သင်၏နှလုံး၌ သွင်းမိနိုင်လျှင် သာယာသော အကျိုးရှိလိမ့်မည်။ သင်၏နှုတ်၌လည်း အစဉ်အသင့်ရှိ လိမ့်မည်။