Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



သုတ္တံကျမ်း။ 18:14

Common Language Bible

လူ၏စိတ်ဝိညာဉ်သည် မိမိနာခြင်းဝေဒနာကို ခံနိုင်၏။ ကြေကွဲသောစိတ်ကိုကား၊ အဘယ်သူသည်းခံ နိုင်သနည်း။

အခန်းကိုကြည့်ပါ။ ကော်ပီ

26 ပူးပေါင်းရင်းမြစ်များ  

အနန္တတန်ခိုးရှင်ပစ်တော်မူသော မြှားတို့သည် ငါ၌စွဲ၍၊ အဆိပ်အတောက်ဖြင့် ငါ့ဝိညာဉ်ကိုမွန်းစေ၏။ ဘုရားသခင်ပြတော်မူသော ကြောက်မက်ဘွယ်အရာတို့သည် ငါ့ရှေ့မှာ စီလျက်ရှိကြ၏။

ကျွန်​တော်​မျိုး​သည်​ဆင်း​ရဲ​ချို့​တဲ့​နွမ်း​ပါး ပါ​၏။ အ​သည်း​နှ​လုံး​ထဲ​တွင်​နာ​ကြည်း​လျက်​ရှိ​ပါ​၏။

စိတ်​နှလုံး​ကြေ​ကွဲ​သူ​တို့​ကို​နှစ်​သိမ့်​စေ​တော် မူ​၍ သူ​တို့​၏​ဒဏ်​ရာ​ဒဏ်​ချက်​များ​ကို​ပတ်​စည်း တော်​မူ​၏။

ရန်​သူ​များ​၏​ခြိမ်း​ခြောက်​မှု​ကြောင့်​ကျွန်​တော်​မျိုး ကြောက်​လန့်​ပါ​၏။ သူ​ယုတ်​မာ​တို့​၏​နှိပ်​စက်​ညှဉ်း​ဆဲ​မှု​ကြောင့် ကျွန်​တော်​မျိုး​စိတ်​ပျက်​အား​လျော့​ပါ​၏။ သူ​တို့​သည်​ကျွန်​တော်​မျိုး​အား​ဆင်း​ရဲ​ဒုက္ခ ရောက်​စေ​ကြ​ပါ​၏။ သူ​တို့​သည်​ကျွန်​တော်​မျိုး​အား​အ​မျက်​ထွက်​၍ မုန်း​ကြ​ပါ​၏။

ကြောက်​လန့်​တုန်​လှုပ်​လျက်၊လွန်​စွာ​တုန်​လှုပ် ချောက်​ချား​လျက်​ရှိ​ပါ​၏။

မော​ရှေ​သည်​ထို​အ​မိန့်​တော်​ကို​ဣ​သ​ရေ​လ အ​မျိုး​သား​တို့​အား​ပြန်​ကြား​သော်​လည်း သူ တို့​သည်​ကျွန်​ခံ​ရ​သော​ဒဏ်​ကြောင့်​အ​လွန်​ပင် ပန်း​နေ​ကြ​သ​ဖြင့်​နား​ထောင်​လက်​ခံ​နိုင်​စွမ်း မ​ရှိ​ကြ​ချေ။

ရွှင်လန်းသောစိတ်နှလုံးသည် ချိုသောမျက်နှာ ကို ဖြစ်စေတတ်၏။ ညှိုးငယ်ခြင်းအားဖြင့်ကား၊ စိတ်ပျက် တတ်၏။

စိတ်ရွှင်လန်းခြင်းသည် ကျန်းမာစေတတ်၏။ စိတ်ပျက်ခြင်းမူကား၊ အရိုးတို့ကိုသွေ့ခြောက်စေတတ်၏။

ငါ​တို့​သြတ္တ​ပ္ပ​စိတ်​ထောက်​ခံ​၍​ဂုဏ်​ယူ​ဝါ ကြွား​စ​ရာ​တစ်​ခု​ကား ဤ​လော​က​၌​အ​သက် ရှင်​စဉ်​ကာ​လ​အ​ထူး​သ​ဖြင့် သင်​တို့​နှင့် ဆက်​ဆံ​ရာ​တွင်​လူ​၏​အ​သိ​ဉာဏ်​ကို​အ​မှီ မ​ပြု​ဘဲ ဘု​ရား​သ​ခင်​၏​ကျေး​ဇူး​တော် တန်​ခိုး​ကို​သာ​လျှင်​အ​မှီ​ပြု​၍ ငါ​တို့​သည် ဘု​ရား​သ​ခင်​ပေး​သ​နား​တော်​မူ​သော စိတ်​ရိုး​သ​ဘော​ရိုး​ဖြင့် ပွင့်​လင်း​စွာ​ပြု​မူ ကျင့်​ကြံ​ခြင်း​ပင်​ဖြစ်​၏။-

ထို​သူ​သည်​မ​ခံ​မ​ရပ်​နိုင်​လောက်​အောင်​ဝမ်း နည်း​မှု​မ​ဖြစ်​စေ​ရန် ယ​ခု​သူ့​အား​သင်​တို့ အ​ပြစ်​လွှတ်​၍​နှစ်​သိမ့်​အား​ပေး​ကြ​လော့။-

ငါ့​ညီ​အစ်​ကို​တို့၊ သင်​တို့​သည်​စုံ​စမ်း​နှောင့်​ယှက် ခြင်း​အ​မျိုး​မျိုး​နှင့်​တွေ့​ကြုံ​ရ​သော​အ​ခါ ဝမ်း​မြောက်​စ​ရာ​ဖြစ်​သည်​ဟု​ခံ​ယူ​ကြ​လော့။-

သင်​တို့​သည် စုံ​စမ်း​နှောင့်​ယှက်​ခြင်း​အ​မျိုး​မျိုး တို့​ကြောင့် ယ​ခု​ခ​ဏ​မျှ​ဝမ်း​နည်း​ရ​ကြ သော်​လည်း အ​ထက်​ဖော်​ပြ​ပါ​အ​ကြောင်း ကြောင့်​ရွှင်​လန်း​ဝမ်း​မြောက်​ကြ​လော့။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ