Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



သုတ္တံကျမ်း။ 17:5

Common Language Bible

ဆင်းရဲသားတို့ကို မထီလေးစားပြုသော သူသည် ဖန်ဆင်းတော်မူသောဘုရားကိုကဲ့ရဲ့၏။ သူတပါး၌ ဘေး ရောက်လျှင် ဝမ်းမြောက်တတ်သော သူသည်လည်း အပြစ်ဒဏ်နှင့် မလွတ်ရ။

အခန်းကိုကြည့်ပါ။ ကော်ပီ

13 ပူးပေါင်းရင်းမြစ်များ  

ငါ့ကိုမုန်းသောသူသည် ပျက်စီးသောအခါ ငါဝမ်းမြောက်သလော။ သူ၌ဘေးရောက်သောအခါ၊ ငါဝါကြွားသလော။

ကိုယ်​တော်​ရှင်​၏​ဗိ​မာန်​တော်​ကို​စွဲ​လမ်း​မှု​သည် ကျွန်​တော်​မျိုး​၏​စိတ်​အ​တွင်း​၌​မီး​ကဲ့​သို့ ဟုန်း​ဟုန်း​တောက်​လောင်​လျက်​ရှိ​ပါ​၏။ ကိုယ်​တော်​ရှင်​အား​စော်​ကား​ပြော​ဆို​သော စ​ကား​များ​သည်​ကျွန်​တော်​မျိုး​အား​စော်​ကား ပြော​ဆို​သော​စ​ကား​များ​ဖြစ်​ပါ​၏။

မိမိအိမ်နီးချင်းကို မထီမဲ့မြင်ပြုသော သူသည် အပြစ်ရှိ၏။ ဆင်းရဲသော သူကိုသနားသောသူမူကား၊ မင်္ဂလာရှိ၏။

ဆင်းရဲသားတို့ကို ညှဉ်းဆဲသောသူသည် ဖန် ဆင်းတော်မူသော ဘုရားကိုကဲ့ရဲ့၏။ ဘုရားကို ရိုသေ သောသူမူကား၊ ဆင်းရဲသောသူတို့ကို သနားတတ်၏။

မာနကြီးသောသူအပေါင်းတို့ကို ထာဝရဘုရား စက်ဆုပ်ရွံရှာတော်မူ၏။ သူတို့သည် အသင်းဖွဲ့သော် လည်း၊ အပြစ်ဒဏ်နှင့် မလွတ်ရကြ။

သို့​ရာ​တွင်``အို ထာ​ဝ​ရ​ဘု​ရား၊ ကျွန်​တော်​မျိုး သည်​သိုး​ထိန်း​အ​ဖြစ်​မှ​ရှောင်​လွှဲ​ခဲ့​ခြင်း​မ​ရှိ​ပါ။ ဆင်း​ရဲ​ဒုက္ခ​ရောက်​မည့်​နေ့​ကို​မ​တောင့်​တ​ခဲ့ ကြောင်း​ကို​လည်း ကိုယ်​တော်​ရှင်​သိ​တော်​မူ​ပါ​၏။ ကျွန်​တော်​မျိုး​နှုတ်​မှ​ထွက်​သည့်​စ​ကား​များ ကို​ကိုယ်​တော်​ရှင်​သိ​တော်​မူ​ပါ​၏။-

ထို​ပြည်​သူ​တို့​အား​ငါ​အ​ရှင်​ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ​သည်​ကို​နား​ထောင်​ကြ​လော့၊ အ​ရှင် ထာ​ဝ​ရ​ဘု​ရား​ဤ​သို့​မိန့်​တော်​မူ​၏။ သင်​တို့ သည်​ငါ​၏​ဗိ​မာန်​တော်​ညစ်​ညမ်း​သွား​သည် ကို​လည်း​ကောင်း၊ ဣ​သ​ရေ​လ​ပြည်​ပျက်​ပြုန်း သွား​ခြင်း၊ ယု​ဒ​အ​မျိုး​သား​တို့​ပြည်​နှင်​ဒဏ် သင့်​ကြ​ခြင်း​ကို​မြင်​သော​အ​ခါ​ဝမ်း​မြောက် ကြ​၏။-

``သင်​သည်​မိ​မိ​၏​ညီ​အစ်​ကို​များ​ဖြစ်​သည့်၊ ယာ​ကုပ်​သား​မြေး​တို့​အား​လု​ယက် သတ်​ဖြတ်​ခဲ့​သည်​ဖြစ်​၍၊ သုတ်​သင်​ဖျက်​ဆီး​ခြင်း​ကို​ခံ​ရ​လိမ့်​မည်။ ထာ​ဝ​စဉ်​အ​သ​ရေ​ပျက်​လိမ့်​မည်။

ငါ့​လူ​မျိုး​တော်​သည်​ငါ​၏​သန့်​ရှင်း​မြင့် မြတ်​သော တောင်​တော်​ပေါ်​တွင်၊ ငါ​၏​ဆိုး​ရွား​သော​အ​မျက်​တော်​စ​ပျစ် ရည်​ကို သောက်​ရ​ကြ​လေ​ပြီ။ အ​နီး​အ​နား​ဝန်း​ကျင်​ရှိ​လူ​မျိုး​တ​ကာ​တို့ သည်​လည်း ထို​ထက်​ပင်​ပို​မို​ဆိုး​ရွား​သည့်​အ​မျက်​တော် စ​ပျစ်​ရည်​ကို​သောက်​ရ​ကြ​လိမ့်​မည်။ သူ​တို့​သည်​ယင်း​ကို​အ​ကုန်​အ​စင်​သောက် ပြီး​နောက်၊ ကွယ်​ပျောက်​၍​သွား​ကြ​လိမ့်​မည်။

ဝမ်း​မြောက်​သူ​တို့​နှင့်​အ​တူ​ဝမ်း​မြောက်​ကြ လော့။ ငို​ကြွေး​သူ​တို့​နှင့်​အ​တူ​ငို​ကြွေး​ကြ လော့။-

လော​ကီ​စည်း​စိမ်​ဥစ္စာ​ကြွယ်​ဝ​သူ​ဖြစ်​ပါ​လျက် မိ​မိ​၏​ညီ​အစ်​ကို​တစ်​စုံ​တစ်​ယောက်​ချို့​တဲ့​မှု ကို​မြင်​သော​အ​ခါ က​ရု​ဏာ​စိတ်​မ​ရှိ​သူ​တွင် အ​ဘယ်​သို့​လျှင်​ဘု​ရား​သ​ခင်​၏​မေတ္တာ​တော် ကိန်း​အောင်း​နိုင်​မည်​နည်း။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ