Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



သုတ္တံကျမ်း။ 17:21

Common Language Bible

မိုက်သောသူကို ဖြစ်ဘွားစေသောသူသည် မိမိကို မိမိဝမ်းနည်းစေတတ်၏။ မိုက်သောသူ၏အဘ၌ ဝမ်းမြောက်စရာအကြောင်းမရှိ။

အခန်းကိုကြည့်ပါ။ ကော်ပီ

12 ပူးပေါင်းရင်းမြစ်များ  

ဧ​သော​သည်​အ​သက်​လေး​ဆယ်​ရှိ​သော​အ​ခါ ဟိတ္တိ​အ​မျိုး​သား​ဗေ​ရိ​၏​သ​မီး​ယု​ဒိတ်၊ ဟိတ္တိ အ​မျိုး​သား​ဧ​လုန်​၏​သ​မီး​ဗာ​ရှ​မတ်​တို့ နှစ်​ဦး​နှင့်​အိမ်​ထောင်​ပြု​လေ​သည်။-

မင်း​ကြီး​သည်​လွန်​စွာ​ဝမ်း​နည်း​ကြေ​ကွဲ​လျက် မြို့​တံ​ခါး​အ​မိုး​ထက်​၌​ရှိ​သော​အ​ခန်း​သို့ တက်​သွား​၍​ငို​ကြွေး​တော်​မူ​၏။ ယင်း​သို့ တက်​သွား​စဉ်``အို ငါ့​သား၊ ငါ့​သား​အ​ဗ​ရှ​လုံ၊ အ​ဗ​ရှ​လုံ​ငါ့​သား၊ သင့်​ကိုယ်​စား​ငါ​သေ ချင်​ပါ​ဘိ။ ငါ့​သား​အ​ဗ​ရှ​လုံ၊ ငါ့​သား'' ဟု ငို​ကြွေး​မြည်​တမ်း​လေ​၏။

ရှောလမုန်မင်း၏ သုတ္တံစကားဟူမူကား၊ ပညာ ရှိသောသားသည် အဘဝမ်းမြောက်ခြင်းအကြောင်း၊ မိုက် သောသားမူကား၊ အမိဝမ်းနည်းခြင်းအကြောင်းကို ဖြစ်စေတတ်၏။

ပညာရှိသောသားသည်အဘဝမ်းမြောက်ခြင်း အကြောင်းဖြစ်၏။ မိုက်သောသားမူကား၊ မိမိအမိကို မထီမဲ့မြင်ပြုတတ်၏။

မိုက်သော သူသည် အဘဝမ်းနည်းစရာ အကြောင်း၊ မွေးသော အမိစိတ်ညစ်စရာအကြောင်း ဖြစ်၏။

မိုက်သော သားသည် အဘဆင်းရဲစရာ အကြောင်းဖြစ်၏။ ရန်တွေ့တတ်သောမယားသည်လည်း၊ အစက်စက်ကျသော မိုဃ်းပေါက်နှင့်တူ၏။

အ​ကယ်​၍​ငါ​လာ​လျှင်​ငါ့​အား​စိတ်​ရွှင်​လန်း စေ​မည့်​သူ​များ​က ငါ့​အား​ဝမ်း​နည်း​စေ​မည် စိုး​၍​ယ​ခင်​စာ​ကို​ငါ​ရေး​သား​ပေး​ပို့​လိုက် ခြင်း​ဖြစ်​၏။ ငါ​ဝမ်း​မြောက်​လျှင်​သင်​တို့ အ​ပေါင်း​သည်​လည်း​ဝမ်း​မြောက်​ကြ​မည် ကို​ငါ​အ​မှန်​ယုံ​ကြည်​၏။-

ငါ့​အား​ဝမ်း​အ​မြောက်​ဆုံး​ဖြစ်​စေ​သည့်​အ​ရာ မှာ သမ္မာ​တ​ရား​ကို​ငါ့​သား​သ​မီး​များ​လိုက် နာ​ကျင့်​သုံး​ကြ​ကြောင်း​သ​တင်း​ကို​ကြား​ရ ခြင်း​ပင်​ဖြစ်​သည်။

သို့​ရာ​တွင်​အ​ဖ​၏​လမ်း​စဉ်​ကို​မ​လိုက်​ကြ။ ငွေ​ကြေး​ရ​ရှိ​မှု​ကို​သာ​လျှင်​စိတ်​ဝင်​စား သ​ဖြင့် တံ​စိုး​လက်​ဆောင်​ယူ​ကာ​အ​မှု​များ ကို​မ​တ​ရား​စီ​ရင်​ဆုံး​ဖြတ်​ကြ​၏။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ