သာယာသောစကားတို့သည် ပျားလပို့ကဲ့သို့ ဖြစ်၍၊ စိတ်ဝိညာဉ်၌ ချိုမြိန်လျက်၊ ကိုယ်အရိုးကို ကျန်းမာ စေလျက်ရှိကြ၏။
ဆုံးမသွန်သင်တော်မူခက်တို့သည်ကွန်တော်မျိုး၏ ခံတွင်း၌လွန်စွာချိုပါ၏။ ပားရည်ထက်ပင်ချိုပါ၏။
ယင်းတို့သည်ရွှေထက်မက၊အကောင်းဆုံး ရွှေထက် ပိုမိုနှစ်သက်ဖွယ်ဖြစ်၏။ ယင်းတို့သည်ပျားရည်ထက်မက၊အစစ်ဆုံး ပျားရည်ထက်ပို၍ချိုကြ၏။
သန်လျက်နှင့်ထိုးသကဲ့သို့ စကားပြောတတ် သော လူတချို့ရှိ၏။ ပညာရှိတို့၏ လျှာမူကား အနာကို ပင် ပျောက်စေတတ်၏။
လူသည် ပြန်ပြောသောစကားအားဖြင့် ဝမ်း မြောက်စရာအကြောင်းရှိ၏။ အချိန်တန်၍ ပြောသော စကားသည်လည်း အလွန်လျောက်ပတ်ပေ၏။
မတရားသောသူ၏ အကြံအစည်တို့ကို ထာဝရ ဘုရား စက်ဆုပ်ရွံရှာတော်မူ၏။ စင်ကြယ်သောသူ၏ စကားတို့ကိုကား၊ နှစ်သက်တော်မူ၏။
စိတ်ရွှင်လန်းခြင်းသည် ကျန်းမာစေတတ်၏။ စိတ်ပျက်ခြင်းမူကား၊ အရိုးတို့ကိုသွေ့ခြောက်စေတတ်၏။
သင့်နှုတ်သည် မှန်သောစကားကို ပြောသော အခါ၊ ငါ့ကျောက်ကပ်ရွှင်လန်းလိမ့်မည်။
နံ့သာဆီနှင့် နံ့သာရည်သည် ရွှင်လန်းစေသကဲ့ သို့၊ ကြည်ညိုသောစိတ်နှင့် အကြံပေးတတ်သော အဆွေ ခင်ပွန်း၏ ချစ်ဘွယ်သော လက္ခဏာသည် ရွှင်လန်းစေ တတ်၏။
သို့ပြုလျှင်၊ သင်၏အကြောတို့သည် အားသန်၍၊ အရိုးတို့သည် ခြင်ဆီနှင့် ပြည့်စုံကြလိမ့်မည်။
အကြောင်းမူကား၊ ထိုတရားစကားကို တွေ့ရ သောသူတို့သည် အသက်ရှင်ခြင်း၊ တကိုယ်လုံးကျန်းမာ ခြင်းအကြောင်းကို တွေ့ရပြီ။
ဓမ္မဒေသနာဆရာသည် နားထောင်ဘွယ်သော စကားကိုရှာ၍၊ ရေးထားချက်စကားသည် ဖြောင့်မတ် သောစကား၊ သမ္မာစကားဖြစ်၏။
ငါ့နှမ၊ ငါ့ခင်ပွန်းသည် ဝင်းကာသောဥယျာဉ်၊ ပိတ်ထားသော ရေကန်၊ တံဆိပ်ခတ်ထားသော ရေတွင်း ဖြစ်ပေ၏။
ကိုယ်တော်ရှင်ဗျာဒိတ်ပေးတော်မူသောအခါ ကျွန်တော်မျိုးသည်လုံးစေ့ပတ်စေ့နားထောင် ပါ၏။ နှုတ်ကပတ်တော်တို့သည်ကျွန်တော်မျိုး ၏စိတ်နှလုံးကိုရွှင်ပြုံးအားရစေပါ၏။ အနန္တတန်ခိုးရှင်ဘုရားသခင်ထာဝရ ဘုရား၊ ကျွန်တော်မျိုးသည်ကိုယ်တော်၏ နာမတော်ကိုဆောင်ပါ၏။-
ငါ့သွန်သင်ချက်သည်မိုးပေါက်ကဲ့သို့ကျ၍ မြေပေါ်တွင်နှင်းပေါက်ကဲ့သို့တင်ရှိလိမ့်မည်။ ငါ့စကားသည်အပင်ငယ်များပေါ်သို့ ရွာသောမိုးကဲ့သို့လည်းကောင်း၊ မြက်နုပေါ်တွင်ကျသောမိုးဖွဲကဲ့သို့လည်းကောင်း ဖြစ်လိမ့်မည်။
ငါသည်ကောင်းကင်တမန်၏လက်မှစာစောင် ငယ်ကိုယူ၍စား၏။ ထိုစာစောင်သည်ငါ၏ ခံတွင်း၌ပျားရည်ကဲ့သို့ချို၏။ ဝမ်းတွင်း သို့ရောက်သောအခါ၌မူခါးလေသည်။-