သုတ္တံကျမ်း။ 16:14Common Language Bibleရှင်ဘုရင်၏ အမျက်သည် သေမင်းတမန်ကဲ့သို့ ဖြစ်၏။ သို့သော်လည်း၊ ပညာရှိသောသူသည် အမျက် တော်ကို ဖြေတတ်၏။ အခန်းကိုကြည့်ပါ။ |
ဟေရုဒ်မင်းသည်တုရုမြို့သားများနှင့် ဇိဒုန် မြို့သားတို့အပေါ်တွင်များစွာအမျက်ထွက် သဖြင့် ထိုမြို့သားတို့သည်စုရုံးလျက်မင်း ကြီးထံသို့လာရောက်ကြ၏။ ဦးစွာပထမ နန်းတော်အုပ် ဗလတ္တု၏အကူအညီကိုရယူ ကြ၏။ ထို့နောက်ဟေရုဒ်မင်းထံသို့ဝင်၍ငြိမ်း ချမ်းရေးအတွက် စကားကမ်းလှမ်းကြ၏။ အဘယ်ကြောင့်ဆိုသော်သူတို့၏ပြည်သည် ဟေရုဒ်မင်း၏ပြည်ကိုမှီခိုစားသောက်ရ သောကြောင့်ဖြစ်၏။
သို့ဖြစ်၍ငါတို့သည်ခရစ်တော်၏သံတမန် အဖြစ်နှင့်သင်တို့အားမေတ္တာရပ်ခံ၏။ ဘုရား သခင်ကိုယ်တော်တိုင်ပင်လျှင်ငါတို့မှတစ်ဆင့် သင်တို့ကိုမေတ္တာရပ်သကဲ့သို့သင်တို့အား မေတ္တာရပ်ခံ၏။ သင်တို့သည်ဘုရားသခင်၏ ရန်သူများအဖြစ်မှမိတ်ဆွေများအဖြစ် သို့ပြောင်းလဲကြပါဟူ၍ခရစ်တော်၏ ကိုယ်စားငါတို့တောင်းပန်၏။-