Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



သုတ္တံကျမ်း။ 15:21

Common Language Bible

ဥာဏ်မရှိသောသူသည် မိုက်ခြင်း၌ ပျော်မွေ့ တတ်၏။ ဥာဏ်ရှိသော သူမူကား၊ ဖြောင့်မတ်သော အကျင့် ကို ကျင့်တတ်၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

13 ပူးပေါင်းရင်းမြစ်များ  

လူတို့အားလည်း ထာဝရဘုရားကို ကြောက်ရွံ့ခြင်းသည် ပညာဖြစ်ကြောင်းနှင့်၊ ဒုစရိုက်ကို ရှောင်ခြင်း သည် ဥာဏ်ဖြစ်ကြောင်းကို မိန့်တော်မူပြီဟုမြွက်ဆို၏။

ထာ​ဝ​ရ​ဘု​ရား​ကို​ကြောက်​ရွံ့​ရို​သေ​တတ်​သော သ​ဘော​သည်​ပ​ညာ​၏​အ​ချုပ်​အ​ခြာ​ဖြစ်​၏။ ပ​ညတ်​တော်​ကို​စောင့်​ထိန်း​သူ​အ​ပေါင်း​တို့​အား မှန်​ကန်​စွာ​ဆုံး​ဖြတ်​နိုင်​ခွင့်​ကို​ကိုယ်​တော်​ပေး တော်​မူ​၏။ ကိုယ်​တော်​အား​ထာ​ဝ​စဉ်​ထော​မ​နာ​ပြု​ကြ ပါ​စေ​သ​တည်း။

မိုက်သောသူသည် အပြစ်ပြုရာ၌ ပျော်မွေ့ တတ်၏။ ဥာဏ်ကောင်းသောသူမူကား ဆင်ခြင်တတ်၏။

ပညာမဲ့သောသူသည် မိမိအိမ်နီးချင်းကို မထီမဲ့မြင်ပြုတတ်၏။ ဥာဏ်ကောင်းသောသူမူကား၊ တိတ်ဆိတ်စွာ နေတတ်၏။

ပညာရှိသောသူသည် ကြောက်၍ ဒုစရိုက်ကို ရှောင်တတ်၏။ မိုက်သောသူမူကား မာနကြီး၍ ရဲရင့် တတ်၏။

ပညာသတိရှိသော သူ၏ပညာကား၊ ကိုယ်သွား ရသော လမ်းကို သိခြင်းတည်း။ မိုက်သောသူ၏ မိုက်ခြင်း မူကား၊ ပရိယာယ်တည်း။

မိုက်သောသူတို့သည် ဒုစရိုက်အပြစ်ကို မထီ လေးစားပြုကြ၏။ ဖြောင့်မတ်သော သူတို့မူကား၊ တယောက်ကိုတယောက် ကျေးဇူးပြုကြ၏။

တိုင်ပင်ခြင်းမရှိလျှင် အကြံပျက်တတ်၏။ တိုင် ပင်သော သူများလျှင်မူကား၊ အကြံတည်တတ်၏။

သင်၏မျက်စိသည် ရှေ့ရှုကြည့်၍၊ မျက်ခမ်းတို့ သည် တည့်တည့်အာရုံပြုစေလော့။

သင်သွားရာလမ်းကို စူးစမ်း၍၊ သွားလေ ရာရာ၌ တည်ကြည်ခြင်းရှိစေလော့။

သို့​ဖြစ်​၍​သင်​တို့​ပြု​ကျင့်​ပုံ​ကို​သ​တိ​ပြု​ကြ လော့။ ပ​ညာ​မဲ့​သူ​များ​ကဲ့​သို့​မ​ဟုတ်​ဘဲ​ပ​ညာ ရှိ​သူ​များ​ကဲ့​သို့​ပြု​ကျင့်​ကြ​လော့။-

သင်​တို့​အ​ထဲ​တွင်​အ​တတ်​အ​လိမ္မာ​နှင့်​ဉာဏ် ပ​ညာ​ရှိ​သူ​တစ်​စုံ​တစ်​ယောက်​ရှိ​လျှင်​ထို​သူ သည် မိ​မိ​ပ​ညာ​ရှိ​မှု​ကို​ဉာဏ်​ပ​ညာ​နှင့်၊ နှိမ့်​ချ သော​စိတ်​ဖြင့်​ပြု​ကျင့်​သည့်​အ​ကျင့်​ကောင်း အား​ဖြင့်​သက်​သေ​ပြ​ပါ​စေ။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ