Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



သုတ္တံကျမ်း။ 13:18

Common Language Bible

သွန်သင်ခြင်းကို ငြင်းပယ်သောသူသည် ဆင်းရဲ ခြင်းနှင့်ရှက်ကြောက်ခြင်းသို့ ရောက်လိမ့်မည်။ ဆုံးမသော စကားကို နားထောင်သော သူမူကား၊ ဂုဏ်အသရေကို ရလိမ့်မည်။

အခန်းကိုကြည့်ပါ။ ကော်ပီ

15 ပူးပေါင်းရင်းမြစ်များ  

သူ​တော်​ကောင်း​သည်​ကျွန်​တော်​မျိုး​အား သ​နား​ကြင်​နာ​စွာ​ဒဏ်​ပေး​ခြင်း​ပြော​ဆို ဆုံး​မ​ခြင်း​ကို​ပြု​ပေ​လိမ့်​မည်။ သို့​ရာ​တွင်​သူ​ယုတ်​မာ​တို့​၏​ချီး​မြှင့်​ဂုဏ်​ပြု ခြင်း​ကို ခံ​ယူ​လိမ့်​မည်​မ​ဟုတ်​ပါ။ အ​ဘယ်​ကြောင့်​ဆို​သော်​ထို​သူ​တို့​အ​ပြစ် ဒု​စ​ရိုက်​နှင့်​ပတ်​သက်​၍ ကျွန်​တော်​မျိုး​အ​စဉ်​ပတ္ထနာ​ပြု​လျက်​နေ​သော ကြောင့် ဖြစ်​ပါ​၏။

နည်းဥပဒေကို ခံချင်သောသူသည် ပညာ အတတ်ကို နှစ်သက်၏။ ဆုံးမခြင်းကိုမုန်းသော သူမူကား၊ တိရစ္ဆာန်သဘောရှိ၏။

နှုတ်ကပတ်တော်ကို မထီမဲ့မြင်ပြုသောသူသည် ပျက်စီးလိမ့်မည်။ ပညတ်တရားတော်ကိုခန့်ညားသော သူမူကား၊ ချမ်းသာရလိမ့်မည်။

အလိုဆန္ဒပြည့်စုံခြင်းအရာသည် ချိုမြိန်၏။ ဒုစရိုက်ကို ရှောင်သောအရာမူကား၊ မိုက်သောသူတို့ စက်ဆုပ်သော အရာဖြစ်၏။

ဖြောင့်မတ်သောသူသည် ဝစွာစားရသော အခွင့်ရှိ၏။ မတရားသော သူမူကား၊ မွတ်သိပ်ခြင်းကို ခံရလိမ့်မည်။

မိုက်သောသူသည် အဘသွန်သင်ခြင်းကို မထီမဲ့ မြင်ပြုတတ်၏။ ဆုံးမသော စကားကို နားထောင်သော သူမူကား၊ သမ္မာသတိနှင့်ပြည့်စုံတတ်၏။

များသောသူတို့သည် မင်းကိုဖျောင်းဖျတတ်ကြ ၏။ လက်ဆောင်ပေးသော သူကိုလည်း၊ လူတိုင်းမိတ်ဆွေ ဖွဲ့တတ်၏။

ပညာရှိသော သူကိုဆုံးမလျှင်၊ သူသည် သာ၍ ပညာရှိလိမ့်မည်။ ဖြောင့်မတ်သောသူကို သွန်သင်လျှင်၊ သူသည် သိပ္ပံအတတ်တိုးပွါးလိမ့်မည်။

လူမိုက်သီချင်းဆိုသောစကားကို နားထောင် သည်ထက်၊ ပညာရှိဆုံးမသောစကားကို နားထောင်သော် သာ၍ ကောင်း၏။

အ​ကျွန်ုပ်​တို့​သည်​အ​ရှက်​တွင်​လဲ​လျောင်း​ကာ အ​သ​ရေ​ပျက်​မှု​နှင့်​လွှမ်း​ခြုံ​၍​နေ​သင့်​ကြ ပါ​၏။ အ​ကျွန်ုပ်​တို့​ငယ်​စဉ်​အ​ချိန်​က​စ​၍ ယ​နေ့​ထိ​တိုင်​အောင် အ​ကျွန်ုပ်​တို့​နှင့်​ဘိုး​ဘေး များ​သည်​ကျွန်ုပ်​တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ ဘု​ရား​အား​ပြစ်​မှား​ခဲ့​ကြ​ပါ​ပြီ။ ကိုယ်​တော် ၏​စ​ကား​ကို​လည်း​နား​မ​ထောင်​ခဲ့​ကြ​ပါ'' ဟု​ဆို​ကြ​၏။

ထို​ကြောင့်​သင်​တို့​သည်​မိန့်​တော်​မူ​သံ​ကို ကြား​နာ​ရန်​ငြင်း​ဆန်​သူ​များ​မ​ဖြစ်​စေ​ရန် သ​တိ​ပြု​ကြ​လော့။ ဗျာ​ဒိတ်​တော်​ကို​ဆင့် ဆို​သော​သူ​ကို​ကမ္ဘာ​မြေ​ကြီး​ပေါ်​တွင်​နား ထောင်​ရန်​ငြင်း​ဆန်​သူ​တို့​သည်​အ​ပြစ်​ဒဏ် ခံ​ကြ​ရ​လျှင် ငါ​တို့​သည်​ကောင်း​ကင်​ဘုံ​မှ မိန့်​တော်​မူ​သော​အ​ရှင်​အား​ကျော​ခိုင်း​ကြ မည်​ဆို​ပါ​မူ​အ​ဘယ်​သို့​လျှင်​အ​ပြစ် ဒဏ်​မှ​လွတ်​မြောက်​နိုင်​ပါ​မည်​နည်း။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ