သုတ္တံကျမ်း။ 13:13Common Language Bibleနှုတ်ကပတ်တော်ကို မထီမဲ့မြင်ပြုသောသူသည် ပျက်စီးလိမ့်မည်။ ပညတ်တရားတော်ကိုခန့်ညားသော သူမူကား၊ ချမ်းသာရလိမ့်မည်။ အခန်းကိုကြည့်ပါ။ |
ယခုအကျွန်ုပ်တို့သည်ထိုမိန်းမများနှင့် သားသမီးများကိုစွန့်ကြပါမည်ဟု အကျွန်ုပ် တို့၏ဘုရားသခင်အားကျိန်ဆိုကတိပြု ရကြမည်။ ဘုရားသခင်၏အမိန့်တော်များ ကိုရိုသေလေးစားကြသောအရှင်နှင့် အခြား သူများအကြံပေးသည့်အတိုင်း အကျွန်ုပ် တို့ပြုကြပါမည်။ ဘုရားသခင်၏တရား တော်ပြဋ္ဌာန်းသည့်အတိုင်းပြုပါမည်။-
သို့ရာတွင်သူတို့သည်တောကန္တာရ၌ပင် ငါ့ကိုအာခံကြ၏။ ငါ၏အမိန့်တော်တို့ ကိုလိုက်နာသူမှန်သမျှသည်အသက်ရှင် ခွင့်ရမည်ဖြစ်သော်လည်းသူတို့သည်ငါ ၏ပညတ်တော်တို့ကိုချိုးဖောက်၍ငါ၏ အမိန့်တော်တို့ကိုပစ်ပယ်ကြ၏။ ဥပုသ်နေ့ ကိုလည်းအလျှင်းမရိုသေ။ သို့ဖြစ်၍ငါ သည်သူတို့အားတောကန္တာရတွင်ငါ၏ အမျက်တော်သွန်းလောင်းခြင်းဒဏ်ကိုခံ စေ၍ သုတ်သင်ဖျက်ဆီးပစ်ရန်အကြံရှိ ခဲ့၏။-