Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



သုတ္တံကျမ်း။ 12:17

Common Language Bible

မှန်သောစကားကို ပြောသောသူသည် ဖြောင့် မတ်ခြင်းတရား၊ မမှန်သောသက်သေကို ခံသောသူမူကား၊ မုသာတရားကို ပြသတတ်၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

15 ပူးပေါင်းရင်းမြစ်များ  

မိုက်သောသူ၏ အမျက်ဒေါသသည် ချက်ခြင်း ထင်ရှားတတ်၏။ ပညာသတိရှိသောသူမူကား၊ ရှက်စရာ အမှုကို ဖုံးတတ်၏။

သန်လျက်နှင့်ထိုးသကဲ့သို့ စကားပြောတတ် သော လူတချို့ရှိ၏။ ပညာရှိတို့၏ လျှာမူကား အနာကို ပင် ပျောက်စေတတ်၏။

မှန်သောသက်သေသည် သူ့အသက်ကို ကယ် တင်တတ်၏။ မမှန်သောသက်သေမူကား၊ မုသာကို သုံးတတ်၏။

သစ္စာရှိသောသက်သေသည် မုသာမသုံးတတ်။ သစ္စာပျက်သော သက်သေမူကား၊ မုသာကိုသုံးတတ်၏။

အဓမ္မသက်သေသည် တရားကို မထီမဲ့မြင် ပြုတတ်၏။ မတရားသော သူသည်လည်း၊ ဒုစရိုက်ကို စား၍ မျိုတတ်၏။

မမှန်သောသက်သေသည် အပြစ်မခံဘဲမနေရ။ မုသာကို သုံးသောသူသည်လည်း ဒဏ်နှင့်မလွတ်ရ။

မမှန်သော သက်သေသည် ပျက်တတ်၏။ ကိုယ်တိုင်ကြားသောသူမူကား၊ တည်ကြည်စွာ ပြော တတ်၏။

သင်၏အိမ်နီးချင်းတဘက်၌ အကြောင်းမရှိဘဲ သက်သေမခံနှင့်။ ကိုယ်နှုတ်နှင့် သူတပါးကို မလှည့်စား နှင့်။

မုသာစကားကိုပြော၍ မမှန်သောသက်သေ တပါး၊ အပေါင်းအဘော်ချင်း ရန်တွေ့စေခြင်းငှါ ပြုတတ် သော သူတပါးတည်း။

သင်​တို့​ပြု​ကျင့်​သင့်​သည့်​အ​မှု​များ​မှာ အ​ချင်း​ချင်း​ဟုတ်​မှန်​ရာ​ကို​ပြော​ဆို​ရန် ငြိမ်း​ချမ်း​သာ​ယာ​ရေး​အ​တွက်​ဖြောင့်​မှန် စွာ​တ​ရား​စီ​ရင်​ကြ​ရန်​ပင်​ဖြစ်​ပေ​သည်။-

လူ့​အ​သက်​ကို​သတ်​ခြင်း၊ သူ့​အိမ်​ရာ​ကို​ပြစ်​မှား ခြင်း၊ ကာ​မ​ဂုဏ်​လိုက်​စား​ခြင်း၊ သူ့​ဥစ္စာ​ကို​ခိုး​ခြင်း၊ မ​မှန်​သော​သက်​သေ​ကို​ခံ​ခြင်း၊ သူ့​အ​သ​ရေ​ကို ဖျက်​ခြင်း​အ​စ​ရှိ​သည့်​ညစ်​ညမ်း​သည့်​အ​ကြံ အ​စည်​များ​သည်​စိတ်​နှ​လုံး​ထဲ​မှ​ထွက်​လာ​၏။-

ယဇ်​ပု​ရော​ဟိတ်​ကြီး​များ​နှင့်​တ​ကွ​ယု​ဒ​တ​ရား လွှတ်​တော်​အ​ဖွဲ့​ဝင်​အ​ပေါင်း​တို့​သည်​သ​ခင်​ယေ​ရှု အား သေ​ဒဏ်​ပေး​နိုင်​ရန်​မ​ဟုတ်​မ​မှန်​သော​သက်​သေ ကို​ရှာ​ကြ​၏။-

ထို့​နောက်​သူ​တို့​သည်​မု​သား​သက်​သေ​များ​ကို ခေါ်​ဆောင်​ခဲ့​ကြ​၏။ ထို​သက်​သေ​များ​က``ဤ​သူ သည်​ဗိ​မာန်​တော်​နှင့်​ပ​ညတ်​တ​ရား​တော်​တို့ ကို​ဆန့်​ကျင်​၍ အ​မြဲ​ပြော​ဆို​လျက်​နေ​ပါ​၏။-

သို့​ရာ​တွင်​သိမ်​မွေ့​ရို​သေ​စွာ​ဖြေ​ကြား​ကြ​လော့။ သင်​တို့​အား​မ​တ​ရား​ဝေ​ဖန်​၍​စော်​ကား​ပြော​ဆို သူ​တို့​သည် ခ​ရစ်​တော်​၏​တ​ပည့်​များ​အ​နေ​ဖြင့် သင်​တို့​ပြု​မူ​ပုံ​ကောင်း​မွန်​သင့်​မြတ်​သည်​ကို​မြင် ၍​အ​ရှက်​ရ​ကြ​စေ​ရန် သင်​တို့​၏​သြ​တ္တပ္ပ​စိတ် ကို​ကြည်​လင်​စေ​ကြ​လော့။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ