Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



သုတ္တံကျမ်း။ 10:18

Common Language Bible

အငြိုးဖွဲ့သောသဘောကို မုသာနှုတ်ခမ်းဖြင့် ဖုံးထားသောသူ၊ သူ့အသရေပျက်အောင် ပြောတတ်သော သူသည် မိုက်သောသဘောရှိ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

18 ပူးပေါင်းရင်းမြစ်များ  

ဟေ​ဗြုန်​မြို့​သို့​အာ​ဗ​နာ​ရောက်​ရှိ​လာ​သော အ​ခါ ယွာ​ဘ​သည်​မြို့​တံ​ခါး​နံ​ဘေး​သို့​ခေါ် ယူ​ကာ​တီး​တိုး​ပြော​ဆို​ဆွေး​နွေး​ဟန်​ပြု​၍ ဝမ်း​ကို​ဋ္ဌား​နှင့်​ထိုး​လိုက်​၏။ ဤ​သို့​လျှင်​အာ​ဗ​နာ သည်​ယွာ​ဘ​၏​ညီ​အာ​သ​ဟေ​လ​ကို​သတ်​ခဲ့ သည့်​အ​တွက်​လုပ်​ကြံ​ခြင်း​ကို​ခံ​ရ​လေ​၏။-

သူ​တစ်​ပါး​အ​ကြောင်း​မ​ကောင်း​သ​တင်း တီး​တိုး​လွှင့်​တတ်​သူ​ကို​ဖယ်​ရှား​ပစ်​ပါ​မည်။ မာန်​မာ​န​ထောင်​လွှား​လျက်​စိတ်​နေ​မြင့်​သူ​ကို သည်း​ခံ​မည်​မ​ဟုတ်​ပါ။

လူ​အ​ပေါင်း​တို့​သည်​အ​ချင်း​ချင်း​လိမ်​လည် ပြော​ဆို​၍ မြှောက်​ပင့်​ကာ​လှည့်​စား​ကြ​ပါ​၏။

သူ​တစ်​ပါး​၏​အ​သ​ရေ​ကို​မ​ဖျက်​တတ်​သူ ဖြစ်​ပါ​၏။ ထို​သူ​သည်​မိ​မိ​၏​မိတ်​ဆွေ​များ​ကို​မ​ပြစ်​မှား​တတ်။ အိမ်​နီး​ချင်း​တို့​၏​အ​ကြောင်း​ကို​လည်း​မ​ကောင်း သ​တင်း မ​လွှင့်​တတ်။

ကျွန်​တော်​မျိုး​၏​ရန်​သူ​များ​စ​ကား​ကို အ​ဘယ်​အ​ခါ​၌​ယုံ​ကြည်​၍​မ​ရ​ပါ။ သူ​တို့​တွင်​ဖျက်​ဆီး​လို​စိတ်​သာ​လျှင်​ရှိ​ပါ​၏။ သူ​တို့​၏​ခံ​တွင်း​သည်​ပွင့်​လျက်​နေ​သော သင်္ချိုင်း​တွင်း​နှင့်​တူ​ပါ​၏။ သူ​တို့​၏​လျှာ​သည်​လည်း​မြှောက်​ပင့်​လိမ်​လည် လှည့်​စား​တတ်​ပါ​၏။

မိ​မိ​၏​ညီ​ရင်း​အစ်​ကို​များ​ကို​ပင်​လျှင်​အ​စဉ် ပြစ်​တင်​စွပ်​စွဲ​တတ်​၏။

သူ​၏​စ​ကား​တို့​သည်​ထော​ပတ်​ထက်​ပင် ချော​မွတ်​သော်​လည်း သူ​၏​စိတ်​နှ​လုံး​ထဲ​၌​မူ​ကား မုန်း​တီး​တတ်​သော​သ​ဘော​ရှိ​၏။ သူ​၏​စ​ကား​တို့​သည်​ဆီ​ကဲ့​သို့​ပျော့​ပျောင်း သော်​လည်း ထက်​သော​ဋ္ဌား​ကဲ့​သို့​ထိ​ခိုက်​နာ​ကြင်​စေ​တတ်​၏။

``သင်​တို့​သည်​မ​ဟုတ်​မ​မှန်​သော​သ​တင်း ကို​မ​လွှင့်​နှင့်။ အ​ပြစ်​ကူး​လွန်​သူ​ဘက်​မှ မ​တ​ရား​သက်​သေ​မ​ခံ​နှင့်။-

သူ​တို့​အား​လုံး​ပင်​ခေါင်း​မာ​သည့်​သူ​ပုန် များ​ဖြစ်​ကြ​၏။ သူ​တို့​သည်​ကြေး​ဝါ​ကဲ့ သို့​လည်း​ကောင်း၊ သံ​ကဲ့​သို့​လည်း​ကောင်း​မာ ကြော​ကြ​၏။ သူ​တို့​သည်​လှည့်​လည်​သွား​လာ ၍​ကုန်း​ချော​တတ်​ကြ​၏။ အ​ကျင့်​ပျက်​သူ များ​ဖြစ်​ကြ​၏။-

လူ​တိုင်း​ပင်​မိ​မိ​တို့​မိတ်​ဆွေ​များ​ကို သ​တိ​ထား ရ​ကြ​လိမ့်​မည်။ အ​ဘယ်​သူ​မျှ​မိ​မိ​၏​ညီ​အစ်​ကို​ကို​ယုံ​၍​မ​ရ။ အ​ဘယ်​ကြောင့်​ဆို​သော်​ညီ​အစ်​ကို​တိုင်း​ပင်​လျှင် လှည့်​စား​တတ်​၍ လူ​တိုင်း​သည်​လည်း၊မိ​မိ​မိတ်​ဆွေ​များ​ကို အ​သ​ရေ​ဖျက်​တတ်​ကြ​သော​ကြောင့်​ဖြစ်​၏။

သူ​တစ်​ပါး​အ​သ​ရေ​ပျက်​စေ​သော​စ​ကား ကို​လှည့်​လည်​၍​မ​ပြော​ရ။ သေ​ဒဏ်​ခံ​ထိုက်​သော ပြစ်​မှု​ကို​ကူး​လွန်​သူ​အား​တ​ရား​စီ​ရင်​နေ စဉ် သူ့​ဘက်​က​သက်​သေ​ပြ​နိုင်​လျှင်​ဖော်​ထုတ် ပြော​ဆို​လော့။ ငါ​သည်​ထာ​ဝ​ရ​ဘု​ရား​ဖြစ် တော်​မူ​၏။

ရှော​လု​သည်​ဒါ​ဝိဒ်​ကို​ပို​၍​ပင်​ကြောက်​ရွံ့​လာ လျက် အ​သက်​ထက်​ဆုံး​ရန်​ငြိုး​ဖွဲ့​တော်​မူ​၏။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ