ဝတ်ပြု 9:2Common Language Bibleထို့နောက်သူသည်အာရုန်အား``သင်သည်အပြစ် အနာကင်းသောနွားပျိုတစ်ကောင်နှင့်သိုးထီး တစ်ကောင်ကို ထာဝရဘုရားအားပူဇော်လော့။ နွားပျိုကိုအပြစ်ဖြေရာယဇ်အတွက်လည်း ကောင်း၊ သိုးထီးကိုမီးရှို့ရာယဇ်အဖြစ်လည်း ကောင်းပူဇော်လော့။- အခန်းကိုကြည့်ပါ။ |
ဆိတ်ထီးတစ်ကောင်ကိုအပြစ်ဖြေရာယဇ် အဖြစ်၊ အပြစ်အနာကင်းသောတစ်နှစ်သား အရွယ်နွားကလေးတစ်ကောင်နှင့် သိုးငယ် တစ်ကောင်ကိုမီးရှို့ရာယဇ်အဖြစ်၊ နွားထီး တစ်ကောင်နှင့်သိုးထီးတစ်ကောင်ကို မိတ်သဟာ ယယဇ်အဖြစ်ပူဇော်ရမည်ဟု ဣသရေလ အမျိုးသားတို့အားဆင့်ဆိုလော့။ သူတို့ သည်ထိုယဇ်ကောင်များကိုဆီနှင့်ရောသော ဘောဇဉ်ပူဇော်သကာနှင့်အတူ ထာဝရ ဘုရားအားပူဇော်ရမည်။ ယနေ့တွင်ထာ ဝရဘုရားသည်သူတို့ထံသို့ကြွလာ တော်မူမည်'' ဟုဆို၏။
ယဇ်ပုရောဟိတ်မင်းတို့သည်နေ့စဉ်ဦးစွာပထမ မိမိတို့ကိုယ်ပိုင်အပြစ်များအတွက်လည်းကောင်း၊ ထိုနောက်လူတို့၏အပြစ်များအတွက်လည်းကောင်း ယဇ်ပူဇော်ကြရလေသည်။ ကိုယ်တော်မူကားဤသို့ ပြုရန်မလို။ အဘယ်ကြောင့်ဆိုသော်မိမိအသက် ကိုတင်လှူပူဇော်စဉ်အခါက တစ်ကြိမ်တည်း အပြီးအပိုင်ယဇ်ပူဇော်ခဲ့ပြီးဖြစ်သော ကြောင့်တည်း။-