သင်တို့သည်သိက္ခာတင်မင်္ဂလာကာလခုနစ် ရက်မစေ့မီ တဲတော်တံခါးအပြင်သို့မ ထွက်ရ။-
ယဇ်ပုရောဟိတ်အဖြစ်အာရုန်ကိုဆက်ခံ၍ သန့်ရှင်းရာဌာနတော်တွင်အမှုတော်ဆောင်ရန်၊ ငါစံရာတဲတော်ထဲသို့ဝင်သောသားသည် အာရုန်၏ဝတ်စုံကိုခုနစ်ရက်ပတ်လုံးဝတ် ဆင်ရမည်။
``ငါမိန့်မှာသည့်အတိုင်းအာရုန်နှင့်သူ၏ သားတို့အား ယဇ်ပုရောဟိတ်အရာခံယူ စေသည့်မင်္ဂလာကိုခုနစ်ရက်ပတ်လုံးကျင်းပ ရမည်။-
ရောဂါပျောက်ကင်းသူသည်မိမိအဝတ် များကိုဖွပ်လျှော်၍ ကိုယ်ပေါ်မှအမွေးရှိ သမျှကိုရိတ်ပြီးလျှင်ရေချိုးရမည်။ ထို အခါသူသည်ဘာသာရေးထုံးနည်းအရ သန့်စင်သဖြင့် စခန်းအတွင်းသို့ပြန်ဝင် နိုင်သည်။ သို့ရာတွင်သူ၏တဲအပြင်၌ ခုနစ်ရက်နေထိုင်ရမည်။-
ထိုသူသည်ရိနာပျောက်ကင်းပြီးနောက် ခုနစ် ရက်စောင့်ဆိုင်းပြီးလျှင် မိမိအဝတ်များကို ဖွပ်လျှော်၍စမ်းရေဖြင့်ရေချိုးရမည်။ ထို အခါတွင်သူသည် ဘာသာရေးထုံးနည်း အရသန့်စင်လိမ့်မည်။-
သင်တို့အပြစ်ပြေစေရန်အတွက်ငါတို့ ယနေ့ပြုသောအမှုသည် ထာဝရဘုရား မိန့်မှာတော်မူသည့်အတိုင်းဖြစ်သည်။-
သူသည်တတိယနေ့နှင့်သတ္တမနေ့များ တွင်သန့်စင်ခြင်းဝတ်ဆိုင်ရာရေဖြင့် မိမိ ကိုယ်ကိုသန့်စင်စေရမည်။ ထိုနောက်သူ သည်သန့်စင်လာလိမ့်မည်။ တတိယနေ့ နှင့်သတ္တမနေ့များတွင်သန့်စင်မှုမပြု လျှင် သူသည်သန့်စင်လိမ့်မည်မဟုတ်။-