သူသည်နွားသားရေအသားနှင့်အူများ အပါအဝင်ကျန်သောအပိုင်းတို့ကို ထာ ဝရဘုရားမိန့်မှာတော်မူသည့်အတိုင်း စခန်းအပြင်ဘက်၌မီးရှို့လေသည်။
နွား၏အသား၊ သားရေနှင့်ဝမ်းတွင်းသားတို့ ကိုမူကား၊ စခန်းအပြင်၌မီးရှို့ရမည်။ ထို ယဇ်ပူဇော်ခြင်းသည်ယဇ်ပုရောဟိတ်များ၏ အပြစ်ဖြေရာယဇ်ဖြစ်၏။
အပြစ်ဖြေရာယဇ်အဖြစ်ဖြင့်ပူဇော်သည့် နွားကိုယူ၍ဗိမာန်တော်အပြင်ဘက်သတ် မှတ်ထားသည့်အရပ်တွင်မီးရှို့ရမည်။-
အပြစ်ဖြေရာယဇ်ကောင်များဖြစ်သည့်နွား နှင့်ဆိတ်သွေးကို အလွန်သန့်ရှင်းရာဌာန တော်ထဲသို့ယူဆောင်ပြီးနောက် ယဇ်ကောင် များ၏အသား၊ သားရေ၊ ဝမ်းတွင်းသားရှိ သမျှကိုစခန်းအပြင်သို့ထုတ်ဆောင်၍ မီးရှို့ပစ်ရမည်။-
ထိုနောက်သူသည်မိမိ၏အပြစ်အတွက် ပူဇော်သောနွားကိုတပ်စခန်းအပြင်တွင် မီးရှို့သည့်နည်းတူ ဤနွားကိုလည်းစခန်း အပြင်တွင်မီးရှို့ရမည်။ ထိုယဇ်ပူဇော်နည်း သည်တစ်မျိုးလုံး၏အပြစ်ပြေစေရန်အတွက် ဖြစ်သတည်း။
သို့ရာတွင်ယဇ်ကောင်၏သွေးကိုတဲတော်ထဲသို့ ယူဆောင်၍ အပြစ်ဖြေရာဝတ်တွင်အသုံးပြု လျှင်ထိုယဇ်ကောင်၏အသားကိုမစားရ။ မီးရှို့ရမည်။
သို့ရာတွင်အသားနှင့်သားရေကိုစခန်း အပြင်တွင်မီးရှို့သည်။
``သစ်တိုင်ပေါ်မှာဆွဲ၍အသတ်ခံရသူသည် ဘုရားသခင်၏ကျိန်စာသင့်သူဖြစ်၏'' ဟု ကျမ်းစာလာသည်နှင့်အညီ ခရစ်တော်သည် ငါတို့အတွက်ကျိန်စာသင့်သူအဖြစ်ကိုခံ ယူတော်မူပြီးနောက် ငါတို့အားပညတ်တရား ကြောင့်ကျိန်စာသင့်သည့်ဘေးမှရွေးနုတ် ကယ်တင်တော်မူ၏။-