ဝတ်ပြု 7:5Common Language Bibleယဇ်ပုရောဟိတ်သည်အဆီရှိသမျှကိုယဇ် ပလ္လင်ပေါ်တွင်မီးရှို့ပူဇော်ရမည်။ ဤကား အပြစ်ဒဏ်ပြေရာထာဝရဘုရားအား ပူဇော်သကာဖြစ်သတည်း။- အခန်းကိုကြည့်ပါ။ |
အာရုန်၏သားများဖြစ်သောယဇ်ပုရောဟိတ် တို့ထံသို့ယူဆောင်ခဲ့ရမည်။ တာဝန်ကျသော ယဇ်ပုရောဟိတ်သည် မုန့်ညက်တစ်လက်ဆုပ်၊ ဆီ နှင့်အမွှေးနံ့သာရှိသမျှကိုယူ၍ပလ္လင် ပေါ်တွင်မီးရှို့ပူဇော်ရမည်။ ယင်းသို့ပူဇော် ခြင်းသည်ထာဝရဘုရားအား ဘောဇဉ်အကုန် အစင်ပူဇော်ရာရောက်၏။ ဤပူဇော်သကာ၏ ရနံ့ကိုထာဝရဘုရားနှစ်သက်တော်မူ၏။-
ထိုသူသည်သိုးကိုဖြစ်စေ၊ ဆိတ်ကိုဖြစ်စေ ပူဇော်ရန်မတတ်နိုင်လျှင် သူ၏အပြစ်အတွက် ချိုးနှစ်ကောင်သို့မဟုတ်ခိုနှစ်ကောင်ကို ထာဝရ ဘုရားထံတော်သို့ယူဆောင်ခဲ့ရမည်။ ငှက်တစ် ကောင်ကိုအပြစ်ဖြေရာယဇ်အဖြစ်ဖြင့်လည်း ကောင်း၊ အခြားတစ်ကောင်ကိုမီးရှို့ရာယဇ် အဖြစ်ဖြင့်လည်းကောင်းပူဇော်ရမည်။-