ဝတ်ပြု 7:37Common Language Bibleဤကားမီးရှို့ရာပူဇော်သကာ၊ ဘောဇဉ်သကာ၊ အပြစ်ဖြေရာပူဇော်သကာ၊ အပြစ်ဒဏ်ပြေ ရာပူဇော်သကာ၊ သိက္ခာတင်ရာပူဇော်သကာ၊ မိတ်သဟာယပူဇော်သကာတို့နှင့်ဆိုင် သောပြဋ္ဌာန်းချက်များဖြစ်သည်။- အခန်းကိုကြည့်ပါ။ |
ထာဝရဘုရားသည် စံတော်မူရာတဲတော် ထဲမှမောရှေကိုဆင့်ခေါ်၍ ဣသရေလအမျိုး သားတို့ယဇ်ပူဇော်ရာတွင်လိုက်နာရန် အောက် ဖော်ပြပါပြဋ္ဌာန်းချက်များကိုချမှတ်ပေး တော်မူသည်။ တစ်စုံတစ်ယောက်သောသူသည် တိရစ္ဆာန်ကိုယဇ် ပူဇော်သည့်အခါ မိမိနွားအုပ်ထဲမှဖြစ်စေ၊ သိုးအုပ်သို့မဟုတ်ဆိတ်အုပ်ထဲမှဖြစ်စေ တိရစ္ဆာန်တစ်ကောင်ကိုပူဇော်ရမည်။-
ထိုသူသည်သိုးကိုဖြစ်စေ၊ ဆိတ်ကိုဖြစ်စေ ပူဇော်ရန်မတတ်နိုင်လျှင် သူ၏အပြစ်အတွက် ချိုးနှစ်ကောင်သို့မဟုတ်ခိုနှစ်ကောင်ကို ထာဝရ ဘုရားထံတော်သို့ယူဆောင်ခဲ့ရမည်။ ငှက်တစ် ကောင်ကိုအပြစ်ဖြေရာယဇ်အဖြစ်ဖြင့်လည်း ကောင်း၊ အခြားတစ်ကောင်ကိုမီးရှို့ရာယဇ် အဖြစ်ဖြင့်လည်းကောင်းပူဇော်ရမည်။-