ဝတ်ပြု 7:32Common Language Bibleမိတ်သဟာယယဇ်ကောင်၏သွေးနှင့်အဆီ ကို ပူဇော်သောယဇ်ပုရောဟိတ်အား ယဇ်ကောင် ၏လက်ယာပေါင်ကိုအထူးလှူဖွယ်အဖြစ် ပေးရမည်။- အခန်းကိုကြည့်ပါ။ |
သင်နှင့်သင်တို့၏မိသားစုများသည်ယဇ် ပုရောဟိတ်များအတွက် ထာဝရဘုရား အားအထူးဆက်သသောရင်ဒူးသားနှင့် ပေါင်တို့ကို ဘာသာရေးထုံးနည်းအရသန့် ရှင်းသောအရပ်တွင်စားရမည်။ ဤဝေစု များသည်ဣသရေလအမျိုးသားတို့၏ မိတ်သဟာယပူဇော်သကာများထဲမှ သင်နှင့်သင်၏သားသမီးများအတွက် ဝေစုများဖြစ်သည်။-
ယဇ်ပုရောဟိတ်သည် ထိုပူဇော်သကာများ ကိုထာဝရဘုရားအား အထူးလှူဖွယ် အဖြစ်ဆက်သရမည်။ ထိုပူဇော်သကာများ အပြင်ပညတ်တော်အရ ယဇ်ပုရောဟိတ် ပိုင်သောသိုး၏ရင်ပုံသားနှင့်ပေါင်တို့သည် ယဇ်ပုရောဟိတ်အတွက်လှူဖွယ်ပစ္စည်းများ ဖြစ်သည်။ သို့ပြီးမှနာဇရိဂိုဏ်းဝင်သည် စပျစ်ရည်ကိုသောက်နိုင်သည်။
သို့ဖြစ်၍စားတော်ကဲသည်လက်ရွေးစင်ပေါင် တစ်ပေါင်ကိုယူလာပြီးလျှင် ရှောလု၏ရှေ့တွင် ချထားလေ၏။ ရှမွေလက``ဤအရာကား သင်၏အတွက်သီးသန့်ဖယ်ထားသောအသား ဖြစ်၏။ ယူ၍စားလော့။ ငါဖိတ်ခေါ်ထားသူတို့ နှင့်အတူယခုအချိန်၌သင်စားရန်ဤ အသားကိုငါဖယ်ထားခဲ့၏'' ဟုဆို၏။ ထို့ကြောင့်ရှောလုသည် ထိုနေ့၌ရှမွေလနှင့် အတူစားသောက်လေ၏။-