ထာဝရဘုရားအားမီးရှို့ရာယဇ်ပူဇော် သောယဇ်ကောင်၏အဆီကိုစားသောသူ သည် ထာဝရဘုရား၏လူမျိုးတော်မှ ပယ်ထုတ်ခြင်းခံရမည်။-
အရေဖျားလှီးခြင်းမင်္ဂလာကိုမခံသော ယောကျာ်းသည် ငါနှင့်ပြုထားသောပဋိညာဉ်ကို မစောင့်ထိန်းသောသူဖြစ်ခြင်းကြောင့် ငါ၏လူမျိုး တော်ဝင်အဖြစ်မှထုတ်ပယ်ခြင်းကိုခံရလိမ့်မည်'' ဟုအာဗြဟံအားမိန့်တော်မူ၏။
ထိုနောက်သူတို့၏လက်ထဲမှပူဇော်သကာ တို့ကိုယူ၍ ပလ္လင်ပေါ်ရှိမီးရှို့ရာယဇ်အပေါ် တွင်တင်လျက်မီးရှို့ပူဇော်ရမည်။ ငါသည်ထို ယဇ်မှရနံ့ကိုနှစ်သက်တော်မူ၏။
ဣသရေလအမျိုးသားတို့သည်အဆီ ကိုသော်လည်းကောင်း၊ သွေးကိုသော်လည်း ကောင်းမစားရ။ အရပ်ရပ်တွင်နေထိုင်သော ဣသရေလအမျိုးသားအပေါင်းတို့သည် ဤပညတ်ကိုထာဝစဉ်လိုက်နာရကြမည်။
မသန့်ရှင်းသူကထိုအသားကိုစားလျှင် ထာဝရဘုရား၏လူမျိုးတော်မှပယ် ထုတ်ခြင်းခံရမည်။-
ထိုအပြင်တစ်စုံတစ်ယောက်သည်လူမှဖြစ် စေ၊ တိရစ္ဆာန်မှဖြစ်စေ၊ ဘာသာရေးထုံးနည်း အရမသန့်စင်သောအရာတစ်စုံတစ်ခုနှင့် ထိမိပြီးမှ ထိုယဇ်ကောင်၏အသားကိုစား လျှင် ထိုသူသည်ထာဝရဘုရား၏လူမျိုး တော်မှပယ်ထုတ်ခြင်းခံရမည်။
သဘာဝအလျောက်သေသောတိရစ္ဆာန်၏ အဆီ၊ သို့မဟုတ်သားရဲကိုက်သတ်၍သေ သောတိရစ္ဆာန်၏အဆီကိုမစားရ။ သို့ရာ တွင်ထိုအဆီကိုအခြားကိစ္စများအတွက် အသုံးပြုနိုင်သည်။-
ဣသရေလအမျိုးသားတို့သည်မည်သည့် အရပ်၌နေထိုင်သည်မဆို ငှက်၏သွေးသို့ မဟုတ်တိရစ္ဆာန်၏သွေးကိုမစားရ။-
ဤပညတ်ကိုချိုးဖောက်သောသူသည် ထာဝရ ဘုရား၏လူမျိုးတော်မှပယ်ထုတ်ခြင်းခံရ မည်။