Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



ဝတ်​ပြု 6:6

Common Language Bible

သူ​သည်​ထာ​ဝ​ရ​ဘု​ရား​အား​ပူ​ဇော်​ရန် အ​ပြစ် ဒဏ်​ပြေ​ရာ​ယဇ်​အ​ဖြစ်​အ​ပြစ်​အ​နာ​ကင်း သော​သိုး​ထီး သို့​မ​ဟုတ်​ဆိတ်​ထီး​ကို​ယဇ် ပု​ရော​ဟိတ်​ထံ​သို့​ယူ​ဆောင်​ခဲ့​ရ​မည်။ သိုး သို့​မ​ဟုတ်​ဆိတ်​၏​တန်​ဖိုး​ကို​ကျပ်​ချိန်​တော် အ​ရ​အ​ဖိုး​ဖြတ်​သည့်​ငွေ​ကို​ပါ​ဆက်​သ ရ​မည်။-

အခန်းကိုကြည့်ပါ။ ကော်ပီ

8 ပူးပေါင်းရင်းမြစ်များ  

သူ​တို့​သည်​မိ​မိ​တို့​ဇ​နီး​များ​နှင့်​ကွာ​ရှင်း ပါ​မည်​ဟု​က​တိ​ပြု​ကြ​ပြီး​လျှင် မိ​မိ​တို့ အ​ပြစ်​များ​အ​တွက်​သိုး​ထီး​တစ်​ကောင်​ကို ယဇ်​ပူ​ဇော်​ကြ​၏။

ငါ​တို့​သည်​နှစ်​စဉ်​နှစ်​တိုင်း​မိ​မိ​တို့​ရိတ်​သိမ်း ရ​ရှိ​သည့်​အ​သီး​အ​နှံ​ဦး​များ​ကို​လည်း​ကောင်း၊ ငါ​တို့​သစ်​သီး​ပင်​များ​တွင်​အ​ဦး​မှည့်​သည့် အ​သီး​များ​ကို​လည်း​ကောင်း​ဗိ​မာန်​တော် သို့​ယူ​ဆောင်​ခဲ့​ပါ​မည်။

မြောက်​ဘက်​သို့​မျက်​နှာ​မူ​လျက်​ရှိ​သည့်​အ​ခန်း​သည် ယဇ်​ပလ္လင်​ဆိုင်​ရာ​အ​မှု​ကို​ဆောင်​ရွက်​ရ​သူ​ယဇ်​ပု​ရော​ဟိတ်​များ​အ​တွက်​ဖြစ်​ကြောင်း​ငါ့​အား​ပြော​ပြ​လေ​သည်။ ထို​ယဇ်​ပု​ရော​ဟိတ်​အား​လုံး​တို့​သည် ဇာ​ဒုတ်​မှ​ဆင်း​သက်​လာ​သူ​လေ​ဝိ​အနွယ်​ဝင်​များ​ဖြစ်​ကြ​သည်။ သူ​တို့​သည်​သာ​လျှင်​ထာ​ဝ​ရ​ဘု​ရား​၏​ရှေ့​တော်​မှောက်​သို့​ဝင်​၍ အ​မှု​တော်​ကို​ဆောင်​ရွက်​ခွင့်​ရ​ရှိ​ကြ​သ​တည်း။

ထို့​နောက်​ယဇ်​ပု​ရော​ဟိတ်​သည်​သိုး​အ​ထီး တစ်​ကောင်​နှင့် သံ​လွင်​ဆီ​အ​ဝက်​သား​ကို အ​ပြစ်​ဒဏ်​ပြေ​ရာ​ယဇ်​အ​ဖြစ်​ပူ​ဇော်​ရ မည်။ ထို​ပူ​ဇော်​သ​ကာ​တို့​ကို ယဇ်​ပု​ရော​ဟိတ် အ​တွက်​ထာ​ဝ​ရ​ဘု​ရား​အား အ​ထူး​လှူ ဖွယ်​အ​ဖြစ်​ဆက်​ကပ်​ရ​မည်။-

တစ်​စုံ​တစ်​ယောက်​သည်​ထာ​ဝ​ရ​ဘု​ရား​၏ သန့်​ရှင်း​မြင့်​မြတ်​မှု​ကို အ​မှတ်​မ​ထင်​ထိ​ခိုက် အ​ပြစ်​ကူး​လွန်​မိ​သော်​အ​ပြစ်​အ​နာ​ကင်း သော​သိုး​ထီး၊ သို့​မ​ဟုတ်​ဆိတ်​ထီး​ကို​ထာ​ဝ​ရ ဘု​ရား​ထံ​တော်​သို့​ယူ​ဆောင်​ခဲ့​ရ​မည်။ ထို​သိုး သို့​မ​ဟုတ်​ဆိတ်​၏​တန်​ဖိုး​ကို ကျပ်​ချိန်​တော် အ​ရ​အ​ဖိုး​ဖြတ်​သည့်​ငွေ​ကို​ပါ​ဆက်​သ ရ​မည်။-

သူ​သည်​အ​ပြစ်​အ​နာ​ကင်း​သော​သိုး​ထီး သို့​မ​ဟုတ်​ဆိတ်​ထီး​ကို​ယဇ်​ပု​ရော​ဟိတ်​ထံ သို့​ယူ​ဆောင်​ခဲ့​ရ​မည်။ ထို​သိုး​သို့​မ​ဟုတ် ဆိတ်​၏​တန်​ဖိုး​ကို​ကျပ်​ချိန်​တော်​အ​ရ​အ​ဖိုး ဖြတ်​သည့်​ငွေ​ကို​ပါ​ဆက်​သ​ရ​မည်။ ထို​နောက် ယဇ်​ပု​ရော​ဟိတ်​သည် ထို​သူ​၏​အ​ပြစ်​အ​တွက် ယဇ်​ပူ​ဇော်​သ​ဖြင့်​သူ​သည်​အ​ပြစ်​လွတ်​လိမ့် မည်။-

ထို​သူ​သည်​သိုး​ကို​ဖြစ်​စေ၊ ဆိတ်​ကို​ဖြစ်​စေ ပူ​ဇော်​ရန်​မ​တတ်​နိုင်​လျှင် သူ​၏​အ​ပြစ်​အ​တွက် ချိုး​နှစ်​ကောင်​သို့​မ​ဟုတ်​ခို​နှစ်​ကောင်​ကို ထာ​ဝ​ရ ဘု​ရား​ထံ​တော်​သို့​ယူ​ဆောင်​ခဲ့​ရ​မည်။ ငှက်​တစ် ကောင်​ကို​အ​ပြစ်​ဖြေ​ရာ​ယဇ်​အ​ဖြစ်​ဖြင့်​လည်း ကောင်း၊ အ​ခြား​တစ်​ကောင်​ကို​မီး​ရှို့​ရာ​ယဇ် အ​ဖြစ်​ဖြင့်​လည်း​ကောင်း​ပူ​ဇော်​ရ​မည်။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ