Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



ဝတ်​ပြု 6:26

Common Language Bible

ထို​ယဇ်​ကောင်​ကို​ပူ​ဇော်​သော​ယဇ်​ပု​ရော​ဟိတ် သည် ထာ​ဝ​ရ​ဘု​ရား​စံ​တော်​မူ​ရာ​တဲ​တော် ဝင်း​အ​တွင်း​တွင် သန့်​ရှင်း​ရာ​ဌာ​န​၌​ယဇ်​ကောင် ၏​အ​သား​ကို​စား​ရ​မည်။-

အခန်းကိုကြည့်ပါ။ ကော်ပီ

14 ပူးပေါင်းရင်းမြစ်များ  

ထို​နောက်​သူ​သည်​တဲ​တော်​နှင့်​ယဇ်​ပလ္လင်​ပတ် လည်​တွင်​ဝင်း​ကာ​၍ ဝင်း​တံ​ခါး​ဝ​၌​ကန့်​လန့် ကာ​ကို​တပ်​ဆင်​လေ​၏။ သို့​ဖြစ်​၍​မော​ရှေ​သည် လုပ်​ငန်း​ရှိ​သ​မျှ​ကို​လုပ်​ဆောင်​ပြီး​စီး​လေ သည်။

ထို​သူ​က​ငါ့​အား``ဤ​အ​ဆောက်​အ​အုံ​နှစ် ခု​စ​လုံး​သည်​သန့်​ရှင်း​မြင့်​မြတ်​၏။ ထာ​ဝရ ဘု​ရား​၏​ရှေ့​တော်​သို့​ဝင်​ရ​သူ​ယဇ်​ပု​ရော ဟိတ်​တို့​သည်​ထို​အ​ဆောက်​အ​အုံ​များ​ထဲ ၌​အ​လွန်​သန့်​ရှင်း​မြင့်​မြတ်​သော​ပူ​ဇော် သ​ကာ​များ​ကို​စား​သောက်​ရ​ကြ​၏။ ထို အ​ခန်း​များ​သည်​သန့်​ရှင်း​မြင့်​မြတ်​သ​ဖြင့် ယဇ်​ပု​ရော​ဟိတ်​တို့​သည်​ဘော​ဇဉ်​ပူ​ဇော် သ​ကာ၊ အ​ပြစ်​ဖြေ​ရာ​ယဇ်​နှင့်​ဒု​စ​ရိုက် ဖြေ​ရာ​ယဇ်​တည်း​ဟူ​သော​အ​လွန်​သန့်​ရှင်း မြင့်​မြတ်​သည့်​ပူ​ဇော်​သ​ကာ​များ​ကို​ထား ကြ​သည်။-

ဤ​အ​ရပ်​ကား​ယဇ်​ပု​ရော​ဟိတ်​တို့​အ​ပြစ် ဖြေ​ရာ​ယဇ်၊ သို့​မ​ဟုတ်​ဒု​စ​ရိုက်​ဖြေ​ရာ ယဇ်​ကို​ပူ​ဇော်​ရန်​အ​သား​များ​ကို​ပြုတ် ရာ၊ မုန့်​ညက်​ပူ​ဇော်​သကာ​ကို​ဖုတ်​ရာ​အ​ရပ် ဖြစ်​၏။ လူ​တို့​ဘေး​အန္တ​ရာယ်​မ​ဖြစ်​ကြ စေ​ရန်​သန့်​ရှင်း​မြင့်​မြတ်​သည့်​အ​ရာ​မှန် သ​မျှ​ကို​တံ​တိုင်း​အ​ပြင်​ဝင်း​သို့​မ​ထုတ် ကြ​ခြင်း​ဖြစ်​၏'' ဟု​ဆို​၏။

သင်​တို့​သည်​ငါ​၏​လူ​မျိုး​တော်​အ​ပြစ်​ကူး လွန်​ခြင်း​ကို​အ​ကြောင်း​ပြု​၍​ကြွယ်​ဝ​ချမ်း သာ​လာ​ကြ​၏။ ထို့​ကြောင့်​သင်​တို့​သည်​သူ​တို့ အ​ပြစ်​တိုး​၍​ကူး​လွန်​စေ​ရန်​အား​ပေး​ကြ သည်။-

ကျန်​သော​မုန့်​ညက်​သည် ယဇ်​ပု​ရော​ဟိတ်​စား သုံး​ရန်​အ​တွက်​ဖြစ်​သည်။ ယဇ်​ပု​ရော​ဟိတ်​သည် ထို​မုန့်​ညက်​ကို​တ​ဆေး​မဲ့​မုန့်​ဖုတ်​၍ ထာ​ဝ​ရ ဘု​ရား​စံ​တော်​မူ​ရာ​တဲ​တော်​ဝင်း​အ​တွင်း တွင် သန့်​ရှင်း​ရာ​ဌာ​န​၌​စား​သုံး​ရ​မည်။ ထာ​ဝ​ရ ဘု​ရား​သည်​ထို​မုန့်​ညက်​ကို​ဘော​ဇဉ်​သ​ကာ​ထဲ​မှ ယဇ်​ပု​ရော​ဟိတ်​တို့​အား​ပေး​တော်​မူ​သော​ဝေ​စု ဖြစ်​သ​တည်း။ ထို​ဘော​ဇဉ်​သ​ကာ​သည်​အ​ပြစ် ဖြေ​ရာ၊ အ​ပြစ်​ဒဏ်​ပြေ​ရာ​ယဇ်​ကဲ့​သို့​အ​လွန် သန့်​ရှင်း​၏။-

ယဇ်​ပု​ရော​ဟိတ်​အ​နွယ်​ထဲ​မှ​ယောကျာ်း​အ​ပေါင်း တို့​သည် ထို​ယဇ်​ကောင်​၏​အ​သား​ကို​စား​နိုင် သည်။ ထို​ပူ​ဇော်​သ​ကာ​သည်​အ​လွန်​သန့်​ရှင်း ၏။-

အ​ပြစ်​ဖြေ​ရာ​ပူ​ဇော်​သ​ကာ​နှင့် အ​ပြစ်​ဒဏ်​ပြေ ရာ​ပူ​ဇော်​သ​ကာ​နှစ်​မျိုး​စ​လုံး​နှင့်​ဆိုင်​သော ပြ​ဋ္ဌာန်း​ချက်​မှာ ယဇ်​ပူ​ဇော်​သော​ယဇ်​ပု​ရော​ဟိတ် သည်​ယဇ်​ကောင်​၏​အ​သား​ကို​စား​သုံး​ခွင့်​ရှိ ခြင်း​ဖြစ်​သည်။-

ဗိ​မာန်​တော်​တွင်​အ​မှု​ထမ်း​ဆောင်​သူ​များ​သည် ဗိ​မာန်​တော်​မှ​အ​စား​အ​စာ​ကို​ရ​ကြ​သည် ကို​လည်း​ကောင်း၊ ယဇ်​ပူ​ဇော်​သူ​များ​သည်​လည်း ယဇ်​ကောင်​မှ​ဝေ​စု​ကို​ရ​ကြ​သည်​ကို​လည်း ကောင်း​သင်​တို့​မ​သိ​ကြ​ပါ​သ​လော။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ