ဝတ်ပြု 6:11Common Language Bibleထိုနောက်သူသည်အဝတ်လဲ၍ စခန်းအပြင် ရှိဘာသာရေးထုံးနည်းအရ သန့်စင်ရာ အရပ်သို့ပြာကိုယူဆောင်သွားရမည်။- အခန်းကိုကြည့်ပါ။ |
လူများရှိရာတံတိုင်းအပြင်ဝင်းသို့မထွက် မီသူတို့သည်မိမိတို့တာဝန်ထမ်းဆောင်စဉ် ကဝတ်ဆင်ထားသည့်အဝတ်များကိုချွတ်၍ သန့်ရှင်းမြင့်မြတ်သည့်အခန်းများတွင်ထား ခဲ့ရကြမည်။ လူတို့အားဘေးအန္တရာယ်မပေး ရန်သန့်ရှင်းမြင့်မြတ်သည့်အဝတ်အထည်များ ကိုအခြားအဝတ်များနှင့်လဲ၍ဝတ်ရကြ မည်။
ဤကားဣသရေလအမျိုးသားတို့ထာဝစဉ် ဆောင်ရွက်ရမည့်တာဝန်ဖြစ်သည်။ ဤမုန့်များ သည်အာရုန်နှင့်သူ၏သားမြေးများစားရန် အတွက်ဖြစ်သည်။ ယဇ်ပုရောဟိတ်များအတွက် ထာဝရဘုရားအားဆက်သသောမုန့်ဖြစ်ခြင်း ကြောင့်အလွန်သန့်ရှင်းသဖြင့်သူတို့သည်ဤ မုန့်ကိုသန့်ရှင်းသောဌာနတော်၌စားရကြ မည်။