Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



ဝတ်​ပြု 5:9

Common Language Bible

ထို့​နောက်​ငှက်​သွေး​အ​ချို့​ကို​ပလ္လင်​ဘေး​ဘက် သို့​ပက်​ဖျန်း​၍ ကျန်​သော​သွေး​ကို​ပလ္လင်​ခြေ ရင်း​သို့​ညှစ်​ချ​ရ​မည်။ ဤ​သည်​ကား​အ​ပြစ် ဖြေ​ရာ​ယဇ်​ဖြစ်​သ​တည်း။-

အခန်းကိုကြည့်ပါ။ ကော်ပီ

12 ပူးပေါင်းရင်းမြစ်များ  

ထာ​ဝ​ရ​ဘု​ရား​သည်​ကယ်​တင်​ရန်​စိတ်​စော လျက်​နေ​သည့် ဘု​ရား​သ​ခင်​ဖြစ်​၍၊ ကိုယ်​တော်​သည်​မိ​မိ​၏​တ​ရား​တော်​ကို ရို​သေ​လေး​စား​ကြ​ရန်​အ​လို​ရှိ​တော်​မူ​၏။

ယဇ်​ပု​ရော​ဟိတ်​သည်​ငှက်​ကို​ပလ္လင်​သို့​ယူ​ဆောင် ခဲ့​၍ လည်​ပင်း​ကို​လိမ်​ချိုး​ပြီး​လျှင် ငှက်​ဦး​ခေါင်း ကို​ပလ္လင်​တွင်​မီး​ရှို့​ရ​မည်။ ငှက်​သွေး​ကို​ပလ္လင် ဘေး​ပေါ်​သို့​ညှစ်​ချ​ရ​မည်။-

သူ​သည်​ထို​နေ​ရာ​တွင်​နွား​ကို​သတ်​၍ အာ​ရုန် ၏​သား​များ​ဖြစ်​ကြ​သော​ယဇ်​ပု​ရော​ဟိတ်​တို့ က​သွေး​ကို ထာ​ဝ​ရ​ဘု​ရား​အား​ဆက်​သ​ပြီး လျှင် တဲ​တော်​တံ​ခါး​ဝ​တွင်​ရှိ​သော​ယဇ်​ပလ္လင် ဘေး​လေး​ဘက်​စ​လုံး​ပေါ်​သို့​ပက်​ဖျန်း​ရ ကြ​မည်။-

တဲ​တော်​အ​တွင်း​ရှိ​နံ့​သာ​ပေါင်း​မီး​ရှို့​ရာ ပလ္လင်​၏​ထောင့်​များ​ရှိ​အ​တက်​တို့​တွင် နွား​သွေး အ​နည်း​ငယ်​ကို​သုတ်​ရ​မည်။ ကျန်​သော​နွား သွေး​ကို​တဲ​တော်​တံ​ခါး​ဝ​၌​ရှိ​သော​မီး​ရှို့ ပူ​ဇော်​ရာ​ပလ္လင်​ခြေ​ရင်း​တွင်​လောင်း​ရ​မည်။-

ယဇ်​ပု​ရော​ဟိတ်​သည်​သူ​၏​လက်​ချောင်း​ကို သွေး​ထဲ​၌​နှစ်​၍ ယဇ်​ပလ္လင်​၏​ထောင့်​များ​ရှိ အ​တက်​တို့​တွင်​သွေး​သုတ်​ရ​မည်။ ကျန်​သော သွေး​ကို​ယဇ်​ပလ္လင်​၏​ခြေ​ရင်း​၌​လောင်း​ချ ရ​မည်။-

ယဇ်​ပု​ရော​ဟိတ်​သည်​သူ​၏​လက်​ချောင်း​ကို​သွေး ထဲ​၌​နှစ်​၍ ယဇ်​ပလ္လင်​၏​ထောင့်​များ​ရှိ​အ​တက် တို့​တွင်​သွေး​သုတ်​ရ​မည်။ ကျန်​သော​သွေး​ကို ယဇ်​ပလ္လင်​၏​ခြေ​ရင်း​၌​လောင်း​ရ​မည်။-

ယဇ်​ပု​ရော​ဟိတ်​သည်​သူ​၏​လက်​ချောင်း​ကို​သွေး ထဲ​၌​နှစ်​၍ ယဇ်​ပလ္လင်​၏​ထောင့်​များ​ရှိ​အ​တက် တို့​တွင်​သွေး​သုတ်​ရ​မည်။ ကျန်​သော​သွေး​ကို ယဇ်​ပလ္လင်​၏​ခြေ​ရင်း​၌​လောင်း​ချ​ရ​မည်။-

ထို​နောက်​သူ​သည်​တဲ​တော်​အ​တွင်း​ရှိ​နံ့​သာ ပေါင်း​မီး​ရှို့​ရာ​ပလ္လင်​၏​ထောင့်​များ​ရှိ​အ​တက် တို့​တွင် နွား​သွေး​အ​နည်း​ငယ်​ကို​သုတ်​ရ​မည်။ ကျန်​သော​နွား​သွေး​ကို တဲ​တော်​တံ​ခါး​ဝ​၌ ရှိ​သော​မီး​ရှို့​ပူ​ဇော်​ရာ​ပလ္လင်​ခြေ​ရင်း​တွင် လောင်း​ရ​မည်။-

ယဇ်​ပလ္လင်​၏​မြောက်​ဘက်​ရှိ​မီး​ရှို့​ရာ​ယဇ်​ကောင် များ​ကို​သတ်​သည့်​နေ​ရာ​တွင် အ​ပြစ်​ဒဏ်​ပြေ ရာ​ပူ​ဇော်​သ​ကာ​အ​တွက်​ယဇ်​ကောင်​ကို​သတ် ရ​မည်။ သွေး​ကို​ယဇ်​ပလ္လင်​လေး​ဘက်​စ​လုံး ပေါ်​သို့​ပက်​ဖျန်း​ရ​မည်။-

သင်​တို့​သည်​ပဋိညာဉ်​တော်​သစ်​ကို​စီ​ရင် တော်​မူ​သော​သ​ခင်​ယေ​ရှု​၏​ထံ​တော်​သို့ လည်း​ကောင်း၊ အာ​ဗေ​လ​၏​သွေး​ထက်​သာ ၍​မြတ်​သော​အ​ရာ​ကို​မျှော်​လင့်​ချက်​ပေး သည့်​ပက်​ဖျန်း​သော​သွေး​တော်​၏​ထံ​သို့ လည်း​ကောင်း​ရောက်​ရှိ​နေ​ကြ​၏။

ခပ်​သိမ်း​သော​အ​ရာ​တို့​ကို​ဖန်​ဆင်း​ပြု​ပြင် ထိန်း​သိမ်း​စောင့်​ရှောက်​တော်​မူ​သော​ဘု​ရား သ​ခင်​သည် မိ​မိ​၏​သား​အ​မြောက်​အ​မြား တို့​အား​ဘုန်း​အ​သ​ရေ​တော်​ဝင်​စား​ခွင့်​ပေး တော်​မူ​နိုင်​ရန် ဆင်း​ရဲ​ဒုက္ခ​ကို​ခံ​စေ​ခြင်း​အား ဖြင့် သ​ခင်​ယေ​ရှု​အား​ပြည့်​ဝ​စုံ​လင်​စေ​တော် မူ​၏။ ဤ​သို့​ဘု​ရား​သ​ခင်​ပြု​တော်​မူ​သည်​မှာ လျော်​ကန်​သင့်​မြတ်​လှ​ပေ​သည်။ အ​ဘယ် ကြောင့်​ဆို​သော်​ကယ်​တင်​ခြင်း​ရ​ရှိ​ကြ​စေ ရန် ထို​သူ​တို့​အား​ပို့​ဆောင်​သူ​မှာ​သ​ခင် ယေ​ရှု​ပင်​ဖြစ်​သော​ကြောင့်​တည်း။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ