ဝတ်ပြု 5:4Common Language Bibleတစ်စုံတစ်ယောက်သောသူသည် မည်သည့်ကိစ္စ မျိုး၌မဆိုအကျိုးအပြစ်ကိုမဆင်ခြင်ဘဲ ကျိန်ဆိုမိလျှင် ယင်းသို့ကျိန်ဆိုမိကြောင်း သိလျှင်သိချင်းသူသည်အပြစ်ကူးလွန် ရာရောက်သည်။ အခန်းကိုကြည့်ပါ။ |
ထိုအခါသူတို့က ``ငါတို့သည်ကတိမတည်လျှင် ထာဝရဘုရားသည်ငါတို့ကိုသတ်ပါစေသား။ သင်သည်ငါတို့လာရောက်သည့်ကိစ္စ ကိုမပေါက်ကြားစေလျှင် ဤပြည်ကိုထာဝရ ဘုရားငါတို့အားပေးသနားတော်မူသော အခါ ငါတို့သည်သင်တို့ကိုကျေးဇူးပြု မည်ဟုကတိပြုပါ၏'' ဟူ၍ပြန်ပြောလေသည်။
ဟန္နက``အနန္တတန်ခိုးရှင်ထာဝရဘုရား၊ ကိုယ်တော်ရှင်၏ကျွန်မကိုရှုမြင်တော်မူပါ။ ကိုယ်တော်ရှင်ကျွန်မ၏ဒုက္ခကိုရှုမှတ်တော် မူလျက်အောက်မေ့သတိရတော်မူပါ။ မေ့ လျော့တော်မမူပါနှင့်။ ကိုယ်တော်ရှင်သည် ကိုယ်တော်၏ကျွန်မအားသားဆုကိုပေး တော်မူလျှင် သူ့ကိုအသက်ရှင်သမျှကာလ ပတ်လုံးကိုယ်တော်ရှင်အားဆက်ကပ်ပူဇော် ပါမည်။ သူ၏ဆံပင်ကိုလည်းအဘယ် အခါ၌မျှမဖြတ်မရိတ်စေပါ'' ဟုကျိန်ဆိုကတိပြုလေ၏။