Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



ဝတ်​ပြု 4:25

Common Language Bible

ယဇ်​ပု​ရော​ဟိတ်​သည်​သူ​၏​လက်​ချောင်း​ကို သွေး​ထဲ​၌​နှစ်​၍ ယဇ်​ပလ္လင်​၏​ထောင့်​များ​ရှိ အ​တက်​တို့​တွင်​သွေး​သုတ်​ရ​မည်။ ကျန်​သော သွေး​ကို​ယဇ်​ပလ္လင်​၏​ခြေ​ရင်း​၌​လောင်း​ချ ရ​မည်။-

အခန်းကိုကြည့်ပါ။ ကော်ပီ

18 ပူးပေါင်းရင်းမြစ်များ  

ဦး​ချို​သဏ္ဌာန်​ရှိ​သော​ပလ္လင်​၏​အ​ချွန်​အ​တက် များ​တွင် နွား​သွေး​အ​နည်း​ငယ်​ကို၊ သင်​၏ လက်​ချောင်း​ဖြင့်​သုတ်​ရ​မည်။ ကျန်​ရှိ​နေ​သော နွား​သွေး​အား​လုံး​ကို၊ ပလ္လင်​၏​ခြေ​ရင်း​တွင် လောင်း​ရ​မည်။-

ကမ္ဘာ​မြေ​ကြီး​အ​ဘယ်​သို့​ဖြစ်​ပေါ်​လာ​သည် အ​ကြောင်း​ကို​သင်​တို့​မ​ကြား​ဘူး​ကြ​ပါ​သ​လော။ ရှေး​မ​ဆွ​က​ပင်​လျှင်​သင်​တို့​အား​ဖော်​ပြ​ခဲ့​သူ မ​ရှိ​ပါ​သ​လော။ သင်​တို့​မ​ကြား​ဘူး​ကြ​မ​သိ​ကြ​ပါ​သ​လော။

မီး​ရှို့​ရာ​ယဇ်​ပလ္လင်​သို့​ထွက်​လာ​၍ ထို​ပလ္လင် အ​တွက်​သန့်​စင်​ခြင်း​ဝတ်​ကို​ပြု​ရ​မည်။ သူ သည်​နွား​၏​သွေး​နှင့်​ဆိတ်​၏​သွေး​အ​နည်း ငယ်​စီ​ကို​ယူ​၍ ယဇ်​ပလ္လင်​ထောင့်​အ​တက် များ​တွင်​သုတ်​လိမ်း​ရ​မည်။-

သတ္တ​ဝါ​တိုင်း​၏​အသက်​သည်​သွေး​၌​တည်​သော ကြောင့် ထာ​ဝ​ရ​ဘု​ရား​သည်​လူ​တို့​၏​အ​ပြစ် ပြေ​စေ​ရန်​အ​တွက် သွေး​ဟူ​သ​မျှ​ကို​ယဇ်​ပလ္လင် ပေါ်​သို့​သွန်း​လောင်း​ရ​မည်​ဟု​ပ​ညတ်​တော် မူ​၏။ သွေး​သည်​အ​သက်​ဖြစ်​၍ အ​ပြစ်​ကို ပြေ​စေ​၏။-

တဲ​တော်​အ​တွင်း​ရှိ​နံ့​သာ​ပေါင်း​မီး​ရှို့​ရာ ပလ္လင်​၏​ထောင့်​များ​ရှိ​အ​တက်​တို့​တွင် နွား​သွေး အ​နည်း​ငယ်​ကို​သုတ်​ရ​မည်။ ကျန်​သော​နွား သွေး​ကို​တဲ​တော်​တံ​ခါး​ဝ​၌​ရှိ​သော​မီး​ရှို့ ပူ​ဇော်​ရာ​ပလ္လင်​ခြေ​ရင်း​တွင်​လောင်း​ရ​မည်။-

ထို​သူ​သည်​ယဇ်​ပလ္လင်​၏​မြောက်​ဘက်​ရှိ​မီး​ရှို့ ရာ​ယဇ်​ကောင်​များ​ကို​သတ်​သည့်​နေ​ရာ​၌ ဆိတ် ၏​ဦး​ခေါင်း​ပေါ်​တွင်​လက်​ကို​တင်​၍​ဆိတ်​ကို သတ်​ရ​မည်။ ဤ​ယဇ်​ပူ​ဇော်​ခြင်း​သည်​အ​ပြစ် ပြေ​စေ​ရန်​အ​တွက်​ဖြစ်​၏။-

ယဇ်​ပု​ရော​ဟိတ်​သည်​သူ​၏​လက်​ချောင်း​ကို​သွေး ထဲ​၌​နှစ်​၍ ယဇ်​ပလ္လင်​၏​ထောင့်​များ​ရှိ​အ​တက် တို့​တွင်​သွေး​သုတ်​ရ​မည်။ ကျန်​သော​သွေး​ကို ယဇ်​ပလ္လင်​၏​ခြေ​ရင်း​၌​လောင်း​ရ​မည်။-

ယဇ်​ပု​ရော​ဟိတ်​သည်​သူ​၏​လက်​ချောင်း​ကို​သွေး ထဲ​၌​နှစ်​၍ ယဇ်​ပလ္လင်​၏​ထောင့်​များ​ရှိ​အ​တက် တို့​တွင်​သွေး​သုတ်​ရ​မည်။ ကျန်​သော​သွေး​ကို ယဇ်​ပလ္လင်​၏​ခြေ​ရင်း​၌​လောင်း​ချ​ရ​မည်။-

ထို​နောက်​သူ​သည်​တဲ​တော်​အ​တွင်း​ရှိ​နံ့​သာ ပေါင်း​မီး​ရှို့​ရာ​ပလ္လင်​၏​ထောင့်​များ​ရှိ​အ​တက် တို့​တွင် နွား​သွေး​အ​နည်း​ငယ်​ကို​သုတ်​ရ​မည်။ ကျန်​သော​နွား​သွေး​ကို တဲ​တော်​တံ​ခါး​ဝ​၌ ရှိ​သော​မီး​ရှို့​ပူ​ဇော်​ရာ​ပလ္လင်​ခြေ​ရင်း​တွင် လောင်း​ရ​မည်။-

ထို့​နောက်​ငှက်​သွေး​အ​ချို့​ကို​ပလ္လင်​ဘေး​ဘက် သို့​ပက်​ဖျန်း​၍ ကျန်​သော​သွေး​ကို​ပလ္လင်​ခြေ ရင်း​သို့​ညှစ်​ချ​ရ​မည်။ ဤ​သည်​ကား​အ​ပြစ် ဖြေ​ရာ​ယဇ်​ဖြစ်​သ​တည်း။-

ထို​နောက်​မော​ရှေ​သည်​သိက္ခာ​တင်​ဆီ​ကို​ယူ ၍ ထာ​ဝ​ရ​ဘု​ရား​စံ​တော်​မူ​ရာ​တဲ​တော် နှင့်​တဲ​တော်​အ​တွင်း​ရှိ​ပစ္စည်း​တန်​ဆာ​အား လုံး​ကို​လိမ်း​လေ​၏။ ဤ​နည်း​အား​ဖြင့်​ထာ​ဝ​ရ ဘု​ရား​အား​တဲ​တော်​နှင့်​တဲ​တော်​ဆိုင်​ရာ ပစ္စည်း​ရှိ​သ​မျှ​ကို​ဆက်​ကပ်​လေ​သည်။-

မော​ရှေ​သည်​နွား​ကို​သတ်​ပြီး​လျှင်​လက်​ချောင်း ဖြင့်​သွေး​အ​နည်း​ငယ်​ကို​ယူ​၍ ယဇ်​ပလ္လင်​ထောင့် များ​၌​ရှိ​သော​အ​တက်​များ​ကို​သုတ်​လိမ်း ခြင်း၊ ကျန်​သော​သွေး​ကို​ယဇ်​ပလ္လင်​၏​အောက် ခြေ​တွင်​သွန်း​လောင်း​ခြင်း​ဖြင့်​ပလ္လင်​ကို​ဆက် ကပ်​၍​အ​ပြစ်​ဖြေ​ရာ​ယဇ်​ပူ​ဇော်​နိုင်​ရန် သန့်​ရှင်း​စေ​၏။-

သူ​၏​သား​တို့​သည်​သူ​ထံ​သို့​သွေး​အ​နည်း ငယ်​ကို​ယူ​လာ​သ​ဖြင့် သူ​သည်​သွေး​ထဲ​သို့ လက်​ချောင်း​ကို​နှစ်​၍ ယဇ်​ပလ္လင်​ထောင့်​အ​တက် များ​ကို​သွေး​ဖြင့်​သုတ်​လေ​သည်။ သူ​သည် ကျန်​သော​သွေး​ကို​ယဇ်​ပလ္လင်​အောက်​ခြေ တွင်​သွန်း​လောင်း​လေ​သည်။-

ခ​ရစ်​တော်​သည်​ပ​ညတ်​တ​ရား​ကို​အ​ဆုံး သတ်​စေ​တော်​မူ​ပြီ​ဖြစ်​ရာ​ယုံ​ကြည်​သူ​အ​ပေါင်း တို့​သည် ဘု​ရား​သ​ခင်​နှင့်​မှန်​ကန်​စွာ​ဆက်​သွယ် မှု​ကို​ရ​ရှိ​ကြ​ပြီ။

ခပ်​သိမ်း​သော​အ​ရာ​တို့​ကို​ဖန်​ဆင်း​ပြု​ပြင် ထိန်း​သိမ်း​စောင့်​ရှောက်​တော်​မူ​သော​ဘု​ရား သ​ခင်​သည် မိ​မိ​၏​သား​အ​မြောက်​အ​မြား တို့​အား​ဘုန်း​အ​သ​ရေ​တော်​ဝင်​စား​ခွင့်​ပေး တော်​မူ​နိုင်​ရန် ဆင်း​ရဲ​ဒုက္ခ​ကို​ခံ​စေ​ခြင်း​အား ဖြင့် သ​ခင်​ယေ​ရှု​အား​ပြည့်​ဝ​စုံ​လင်​စေ​တော် မူ​၏။ ဤ​သို့​ဘု​ရား​သ​ခင်​ပြု​တော်​မူ​သည်​မှာ လျော်​ကန်​သင့်​မြတ်​လှ​ပေ​သည်။ အ​ဘယ် ကြောင့်​ဆို​သော်​ကယ်​တင်​ခြင်း​ရ​ရှိ​ကြ​စေ ရန် ထို​သူ​တို့​အား​ပို့​ဆောင်​သူ​မှာ​သ​ခင် ယေ​ရှု​ပင်​ဖြစ်​သော​ကြောင့်​တည်း။

ပ​ညတ်​တ​ရား​အ​ရ​အ​ရာ​ခပ်​သိမ်း​လို​လို​ပင် သွေး​အား​ဖြင့်​သန့်​စင်​မှု​ကို​ရ​ရှိ​ကြ​၏။ သွေး သွန်း​မှု​ရှိ​မှ​သာ​အ​ပြစ်​ပြေ​နိုင်​၏။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ