Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



ဝတ်​ပြု 3:5

Common Language Bible

ယဇ်​ပု​ရော​ဟိတ်​တို့​သည်​ယင်း​တို့​ကို​မီး​ရှို့​ရာ ယဇ်​နှင့်​အ​တူ​ပလ္လင်​ပေါ်​တွင်​မီး​ရှို့​ပူ​ဇော်​ရ မည်။ ဤ​ပူ​ဇော်​သ​ကာ​၏​ရ​နံ့​ကို​ထာ​ဝ​ရ ဘု​ရား​နှစ်​သက်​တော်​မူ​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

24 ပူးပေါင်းရင်းမြစ်များ  

ထို​နေ့​၌​ပင်​မင်း​ကြီး​သည်​ဗိ​မာန်​တော်​ရှေ့​၌ ရှိ​သော အ​လယ်​တံ​တိုင်း​ကို​လည်း​အ​နု​မော​ဒ​နာ ပြု​တော်​မူ​၏။ သူ​သည်​ထို​နေ​ရာ​၌​တစ်​ကောင်​လုံး မီး​ရှို့​ရာ​ယဇ်​နှင့်​ဘော​ဇဉ်​ပူ​ဇော်​သကာ​ကို​လည်း ကောင်း၊ မိတ်​သ​ဟာ​ယ​ယဇ်​အ​တွက်​ဆီ​ဥ​ကို လည်း​ကောင်း​ပူ​ဇော်​လေ​သည်။ ထို​သို့​ပြု​ရ​ခြင်း မှာ​ဗိ​မာန်​တော်​တံ​တိုင်း​အ​တွင်း​ရှိ ကြေး​ဝါ ယဇ်​ပလ္လင်​သည်​ထို​ပူ​ဇော်​သကာ​အ​ပေါင်း​တို့ အ​တွက်​အ​လွန်​သေး​ငယ်​၍​နေ​သော​ကြောင့် တည်း။

ထို​နောက်​လေဝိ​အ​နွယ်​ဝင်​တို့​သည်​မိ​မိ​တို့ အ​တွက်​နှင့်​အာ​ရုန်​မှ​ဆင်း​သက်​သူ ယဇ်​ပု​ရော ဟိတ်​များ​အ​တွက်​အ​သား​များ​ကို​ပေး​ဝေ ကြ​လေ​သည်။ အ​ဘယ်​ကြောင့်​ဆို​သော်​ယဇ် ပု​ရော​ဟိတ်​တို့​သည်​တစ်​ကောင်​လုံး​မီး​ရှို့ ပူ​ဇော်​ရ​သော​ယဇ်​များ​နှင့် ယဇ်​ကောင်​ဆီ​ဥ များ​ကို​မီး​ရှို့​ပူ​ဇော်​ခြင်း​ဖြင့်​ညဥ့်​ဦး​တိုင် အောင်​အ​လုပ်​များ​လျက်​နေ​ကြ​သော ကြောင့်​ဖြစ်​၏။-

ထို​နောက်​နွား​ဝမ်း​တွင်း​သား​မှ​အ​ဆီ​ရှိ​သ​မျှ၊ အ​သဲ​မှ​အ​ဆီ၊ ကျောက်​ကပ်​နှစ်​လုံး​နှင့်​တ​ကွ အ​ဆီ​တို့​ကို၊ ယဇ်​ပလ္လင်​ပေါ်​တွင်​မီး​ရှို့​ပူ​ဇော် ရ​မည်။-

အ​ရှင်​ထာ​ဝ​ရ​ဘု​ရား​က``သို့​ရာ​တွင်​အ​ခြား ဣ​သ​ရေ​လ​အ​မျိုး​သား​အ​ပေါင်း​တို့​ငါ့​အား ကျော​ခိုင်း​သွား​ကြ​သော​အ​ခါ​ဇာ​ဒုတ်​၏​သား မြေး​လေ​ဝိ​အ​နွယ်​ဝင်​ယဇ်​ပု​ရော​ဟိတ်​တို့ သည်​ဆက်​လက်​၍​ဗိ​မာန်​တော်​တွင်​ငါ​၏​အ​မှု တော်​ကို​သစ္စာ​ရှိ​စွာ​ဆောင်​ရွက်​ခဲ့​ကြ​၏။ သို့ ဖြစ်​၍​သူ​တို့​သည်​ယ​ခု​ငါ​၏​အ​မှု​တော် ကို​ထမ်း​ဆောင်​ရ​သူ​များ​ဖြစ်​ကြ​မည်။ ငါ ၏​အ​ထံ​တော်​သို့​ဝင်​၍​ယဇ်​ကောင်​များ​၏ ဆီ​ဥ​နှင့်​သွေး​ကို​ပူ​ဇော်​ရ​ကြ​မည်။-

ဆီ​ဥ​နှင့်​သွေး​ကို​ငါ့​အား​ပူ​ဇော်​ချိန်​၌​သူ တို့​သည်​အ​ရေ​ဖျား​လှီး​မင်္ဂ​လာ​မ​ခံ​သူ လူ​မျိုး​ခြား​များ၊ ငါ​၏​စ​ကား​ကို​နား​မ ထောင်​သူ​များ​အား​ဗိ​မာန်​တော်​ထဲ​သို့​ဝင် ခွင့်​ပြု​လျက်​ငါ​၏​ဗိ​မာန်​တော်​ကို​ညစ်​ညမ်း စေ​ကြ​၏။ သို့​ဖြစ်​၍​ငါ​၏​လူ​မျိုး​တော် သည်​မိ​မိ​တို့​၏​စက်​ဆုပ်​ဖွယ်​ရာ​အ​ကျင့် များ​အား​ဖြင့်​ငါ​၏​ပ​ဋိ​ညာဉ်​တော်​ကို ချိုး​ဖောက်​ကြ​လေ​ပြီ။-

သူ​သည်​ဝမ်း​တွင်း​သား​နှင့်​နောက်​ခြေ​များ​ကို ရေ​ဆေး​ရ​မည်။ ယဇ်​ပု​ရော​ဟိတ်​သည်​တစ်​ကောင် လုံး​ကို​ပလ္လင်​ပေါ်​တွင်​မီး​ရှို့​ပူ​ဇော်​ရ​မည်။ ဤ ပူ​ဇော်​သ​ကာ​၏​ရ​နံ့​ကို​ထာ​ဝ​ရ​ဘု​ရား နှစ်​သက်​တော်​မူ​၏။

သူ​သည်​အ​တောင်​ပံ​များ​ကို​ကိုင်​၍​ငှက်​ကိုယ် ကို​ဆွဲ​ဖွင့်​ရ​မည်။ သို့​ရာ​တွင်​အ​တောင်​များ​မ ကျွတ်​ထွက်​စေ​ရ။ ထို့​နောက်​တစ်​ကောင်​လုံး​ကို ပလ္လင်​ပေါ်​တွင်​မီး​ရှို့​ပူ​ဇော်​ရ​မည်။ ဤ​ပူ​ဇော် သ​ကာ​၏​ရ​နံ့​ကို​ထာ​ဝ​ရ​ဘု​ရား​နှစ်​သက် တော်​မူ​၏။

ဝမ်း​တွင်း​သား​နှင့်​နောက်​ခြေ​များ​ကို​ရေ​ဆေး ရ​မည်။ ထို့​နောက်​တာ​ဝန်​ကျ​ယဇ်​ပု​ရော​ဟိတ် သည် တိ​ရစ္ဆာန်​တစ်​ကောင်​လုံး​ကို​ပလ္လင်​ပေါ်​တွင် မီး​ရှို့​ပူ​ဇော်​ရ​မည်။ ဤ​ပူ​ဇော်​သ​ကာ​၏​ရ​နံ့ ကို ထာ​ဝ​ရ​ဘု​ရား​နှစ်​သက်​တော်​မူ​၏။

တာ​ဝန်​ကျ​ယဇ်​ပု​ရော​ဟိတ်​သည်​ယင်း​တို့ ကို​ယဇ်​ပလ္လင်​ပေါ်​တွင်​မီး​ရှို့​ပူ​ဇော်​ရ​မည်။

ထို့​နောက်​မိတ်​သ​ဟာ​ယ​ယဇ်​ကောင်​များ​မှ အ​ဆီ​ကို​ထုတ်​ယူ​သ​ကဲ့​သို့ ဆိတ်​မ​မှ​အ​ဆီ ရှိ​သ​မျှ​ကို​ထုတ်​ယူ​ပြီး​လျှင်​ယဇ်​ပလ္လင်​ပေါ် တွင်​မီး​ရှို့​ပူ​ဇော်​ရ​မည်။ ထို​ပူ​ဇော်​သ​ကာ​၏ ရ​နံ့​ကို​ထာ​ဝ​ရ​ဘု​ရား​နှစ်​သက်​တော်​မူ​၏။ ဤ​နည်း​အား​ဖြင့်​ယဇ်​ပု​ရော​ဟိတ်​သည်​သာ​မန် လူ​တစ်​ဦး​၏​အ​ပြစ်​အ​တွက်​ယဇ်​ပူ​ဇော် သဖြင့်​ထို​သူ​အ​ပြစ်​လွတ်​လိမ့်​မည်။

ထို့​နောက်​မိတ်​သ​ဟာ​ယ​ယဇ်​ကောင်​သိုး​မှ အ​ဆီ​ကို​ထုတ်​ယူ​သ​ကဲ့​သို့ သိုး​မ​မှ​အ​ဆီ ရှိ​သ​မျှ​ကို​ထုတ်​ယူ​ပြီး​လျှင်​ပူ​ဇော်​သ​ကာ နှင့်​တ​ကွ ယဇ်​ပလ္လင်​ပေါ်​တွင်​မီး​ရှို့​ပူ​ဇော်​ရ​မည်။ ဤ​နည်း​အား​ဖြင့်​ယဇ်​ပု​ရော​ဟိတ်​သည်​လူ တစ်​ဦး​၏​အ​ပြစ်​အ​တွက် ယဇ်​ပူ​ဇော်​သ​ဖြင့် ထို​အ​ပြစ်​လွတ်​လိမ့်​မည်။

ယဇ်​ပလ္လင်​မီး​ကို​အ​မြဲ​တောက်​လောင်​နေ​စေ​ရ မည်။ မည်​သည့်​အ​ခါ​မှ​မီး​မ​ငြိမ်း​စေ​ရ။ ယဇ် ပု​ရော​ဟိတ်​သည်​နံ​နက်​တိုင်း​ယဇ်​ပလ္လင်​ပေါ်​တွင် ထင်း​တင်​၍ မီး​ရှို့​ရာ​ယဇ်​ကို​ထင်း​ပုံ​ပေါ်​တွင် စီ​၍​တင်​ရ​မည်။ ထို​ယဇ်​ပလ္လင်​ပေါ်​တွင်​မိတ် သ​ဟာ​ယ​ယဇ်​၏​ဆီ​ဥ​ကို​မီး​ရှို့​ပူ​ဇော်​ရ​မည်။-

တစ်​ဖန်​ထာ​ဝ​ရ​ဘု​ရား​သည် ဣ​သ​ရေ​လ အ​မျိုး​သား​တို့​အ​တွက် အောက်​ပါ​ပြ​ဋ္ဌာန်း ချက်​များ​ကို​မော​ရှေ​မှ​တစ်​ဆင့်​ချ​မှတ်​ပေး တော်​မူ​၏။ ထာ​ဝ​ရ​ဘု​ရား​အား​မိတ်​သ​ဟာ​ယ ယဇ်​ကို​ပူ​ဇော်​သော​သူ​သည် ယဇ်​ကောင်​၏ အ​စိတ်​အ​ပိုင်း​အ​ချို့​ကို​ထာ​ဝ​ရ​ဘု​ရား အ​တွက်​အ​ထူး​လှူ​ဖွယ်​အ​ဖြစ်၊-

ထို့​နောက်​သူ​သည်​ဘော​ဇဉ်​သ​ကာ​ထဲ​မှ​မုန့် ညက်​လက်​တစ်​ဆုပ်​စာ​ကို​ယူ​၍ ယဇ်​ပလ္လင်​ပေါ် တွင်​မီး​ရှို့​ပူ​ဇော်​သည်။ (နေ့​စဉ်​မီး​ရှို့​ပူ​ဇော် သော​ယဇ်​အ​ပြင်​ထပ်​ဆင့်​ပူ​ဇော်​ခြင်း​ဖြစ် သည်။-)

ထာ​ဝ​ရ​ဘု​ရား​အား​နွား​ထီး​ကို​မီး​ရှို့ ရာ​ယဇ်​သို့​မ​ဟုတ်​သစ္စာ​ဝတ်​ဖြေ​ရာ​ယဇ် သို့​မ​ဟုတ်​မိတ်​သ​ဟာ​ယ​ယဇ်​အ​ဖြစ်​ပူ ဇော်​သော​အ​ခါ၊-

သို့​ရာ​တွင် နွား၊ သိုး၊ ဆိတ်​တို့​၏​သား​ဦး​များ​ကို ရွေး​ယူ​ပိုင်​ခွင့်​မ​ရှိ။ ယင်း​တို့​ကို​ငါ့​အား​ဆက် ကပ်​ထား​ပြီး​ဖြစ်​၍​ပူ​ဇော်​ရ​မည်။ ထို​ယဇ်​ကောင် တို့​၏​သွေး​ကို​ယဇ်​ပလ္လင်​ပေါ်​သို့​ပက်​ဖျန်း​၍ အ​ဆီ​ကို​ပူ​ဇော်​သ​ကာ​အ​ဖြစ်​မီး​ရှို့​ရ​မည်။ ထို​ရ​နံ့​ကို​ငါ​နှစ်​သက်​တော်​မူ​၏။-

ဘော​ဇဉ်​သကာ​အ​ဖြစ်​သံ​လွင်​ဆီ​ရော​ထား​သော မုန့်​ညက်​ကို​ဆက်​သ​ရ​မည်။ နွား​တစ်​ကောင်​စီ​နှင့် အ​တူ​မုန့်​ညက်​ခြောက်​ပေါင်​ကို​လည်း​ကောင်း၊ သိုး ထီး​နှင့်​အ​တူ​မုန့်​ညက်​လေး​ပေါင်​ကို​လည်း ကောင်း၊-

ထာ​ဝ​ရ​ဘု​ရား​အား ပူ​ဇော်​ဆက်​သ​ရ​မည့် သကာ​များ​ကို​ဖော်​ပြ​ပေ​အံ့။ နေ့​စဉ်​မီး​ရှို့ ရာ​ယဇ်​အ​တွက်​အ​ပြစ်​အ​နာ​ကင်း​သော တစ်​နှစ်​သား​အ​ရွယ်​သိုး​ထီး​နှစ်​ကောင်​ကို ပူ​ဇော်​ရ​မည်။-

သင်​တို့​သည်​သက်​ရှိ​ကျောက်​များ​အ​ဖြစ် ကိုယ်​တော်​ထံ​သို့​လာ​၍ ဗိ​မာန်​တော်​တည် ဆောက်​ရေး​တွင်​ပါ​ဝင်​အ​သုံး​ခံ​ကြ​လော့။ ထို​ဝိ​ညာဉ်​ဗိ​မာန်​တော်​တွင်​သင်​တို့​သည် ဘု​ရား​သ​ခင်​နှစ်​သက်​တော်​မူ​သော​ဝိ​ညာဉ် ယဇ်​ကို​သ​ခင်​ယေ​ရှု​ခ​ရစ်​အား​ဖြင့် ပူ​ဇော် သော​သန့်​ရှင်း​မြင့်​မြတ်​သည့်​ယဇ်​ပု​ရော ဟိတ်​အ​နွယ်​ဝင်​များ​ဖြစ်​ကြ​လိမ့်​မည်။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ